Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Jul 2024

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံးမှ မြို့နယ်ခွဲတာဝန်ခံ ဦးဇော်မျိုးထွန်းသည် (၁၅-၇-၂၀၂၄)ရက်နေ့တွင် အခြေခံအပ်ချုပ်သင်တန်းဖွင့်လှစ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

26 Jul 2024

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာ၊ ကံရိုးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြသည်။

26 Jul 2024

      ရွှေဘိုမြို့   ဈေးကွက်အတွင်း ရွှေဘိုမြို့အနီးတဝိုက်ရှိ ‌ကျေးရွာများမှ  တစ်နိုင်တစ်ပိုင် စိုက်ပျိုးထွက်ရှိသော နဂါးမောက်သီးများအပြင် ပြင်ဦးလွင်မြို့နှင့် ပုပ္ပါးမြို့တို့မှ နဂါးမောက်သီးများကိုလည်း မှာယူ၍   ရောင်းချလျက်ရှိပါသည်။

26 Jul 2024

 

 

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

26 Jul 2024

     ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇူလိုင်လ တတိယပတ်တွင် စပါး/ဆန် ဈေးနှုန်းများ တည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှု မှာ ဇူလိုင်လ ဒုတိယပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၃၀၀၀၀၊ မန္တလေးသို့ အိတ်ရေ၃၃၇၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၈၀၀၊ ပခုက္ကူသို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်း အိတ်ရေ ၇၁၅၀၀၊ တန်အားဖြင့် ၃၅၇၅တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၉၀၀၀၊မန

Pages