စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။
မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ်မူတည်၍ ဇူလိုင်လ(ပထမပတ်)တွင် ငွေကျပ် (၁၅၀၀-၂၀၀၀) များဖြင့်လည်းကောင်း၊ ဇူလိုင်လ(ဒုတိယပတ်)တွင် ငွေကျပ် (၂၀၀၀-၃၀၀၀) များဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ ဇူလိုင်လ(တတိယပတ်) တွင် ငွေကျပ် (၃၀၀၀-၃၅၀၀) များဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ မိုးရာသီတွင် ချင်းတွင်းမြစ်ရိုးတစ်လျှောက် မြစ်ရေ ဝင်ရောက်မှုကြောင့် ကွမ်းခြံများခူးဆွတ်နိုင်ခြင်း မရှိခြင်း ကြောင့် ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုနည်းကာ ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။
DOCA(စစ်ကိုင်း)