Main menu

မှော်ဘီခရိုင်၊ လိပ္ပုတ်ကျေးရွာတွင် အခြေခံအပ်ချုပ်သင်တန်းဖွင့်လှစ်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံးမှ မြို့နယ်ခွဲတာဝန်ခံ ဦးဇော်မျိုးထွန်းသည် (၁၅-၇-၂၀၂၄)ရက်နေ့တွင် အခြေခံအပ်ချုပ်သင်တန်းဖွင့်လှစ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

       မှော်ဘီခရိုင်၊ လိပ္ပုတ်ကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကဖွင့်လှစ်သော အသက်မွေးဝမ်းကြောင်းအထောက်အကူပြု အခြေခံအပ်ချုပ်သင်တန်း၌ သင်တန်းသူ(၁၅)ဦးတက်ရောက်ပြီး သင်တန်းကာလကို (၁)လနှင့် မွမ်းမံကာလကို (၁၅)ရက်ထပ်မံသင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းကာလပြီးဆုံးလျှင် ထူးချွန်သင်တန်းသူ(၅)ဦးအား စက်ချုပ်ဆိုင်ဖွင့်နိုင်သည့်အထိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ကူညီပေးစောင့်ကြည့်သွားမည်ဖြစ်ပြီး (၃)နှစ်ပြည့်လျှင် အပ်ချုပ်စက်နှင့်တကွ လိုအပ်သောပစ္စည်းများကို အပိုင်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ပေးခြင်းဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးနိုင်ပြီး ကျေးလက်နေမိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးသော သင်တန်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)