Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Jun 2024

    အိန္ဒိယနိုင်ငံ၌ အရန်ဆန်သိုလှောင်ထားရှိမှုမှ တန်ချိန် ၁၇ သန်းမှ ၁၈ သန်း အထိ ပိုလျှံသည့်ပမာဏကို ၂၀၂၄-၂၅ ခုနှစ်အတွင်း ဈေးကွက်သို့ ဖြန့်ဖြူးရန်အတွက် အစိုးရသည် သက်ဆိုင်သူများ နှင့် စတင်ဆွေးနွေးနေပြီဖြစ်သည်။ အစိုးရ၏ ဈေးကွက်ဖြန့်ဖြူးမှု နည်းလမ်းများတွင် အများ ပြည်သူသို့ ဖြန့်ဖြူးသည့်စနစ်အောက်၌ အပိုခွဲဝေပေးခြင်း၊ ပွင့်လင်းမြင်သာသည့် ဈေးကွက် ရောင်းချမှု အစီအစဉ်ဖြင့် အပတ်စဉ် အီလက်ထရောနစ်လေလံဖြင့် ရောင်းချခြင်း၊ ပြည်နယ်များသို့ လက်လီဈေးနှုန်း အမြင့်ဆုံးဖြင့် တိုက်ရိုက်ရောင်းချခြင်းများ ပါဝင်ပါသည်။

27 Jun 2024

    အစိုးရ၏ ကုန်စည်များပေါ်တွင် အခွန်လျှော့ချရန် ဆုံးဖြတ်ပြီးနောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံ၏ ယခုနှစ် ဆန်တင်သွင်းမှုသည် တန်ချိန် ၄.၆ သန်းအထိ ရှိလာနိုင်ကြောင်း အမေရိကန် စိုက်ပျိုးရေး ဦးစီးဌာန (USDA) က ဖော်ပြထားသည်။ ဖိလစ်ပိုင်အစိုးရက သွင်းကုန်အခွန်ကို ၃၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပြီးနောက် USDA  သည် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှု ခန့်မှန်းချက်ကို အစောပိုင်းက မျှော်မှန်းထားသည့် တန်ချိန် ၄.၁ သန်းထက် တန်ချိန် ၅၀၀၀၀၀ ထပ်မံ တိုးမြှင့် ခဲ့ခြင်းဖြစ်သည်။

27 Jun 2024

     ထိုင်းနိုင်ငံတွင် V8 Intertrading ကုမ္ပဏီအနေဖြင့် ယင်လပ်ရှင်နာဝပ်ထရာအစိုးရ၏ ဆန် အပေါင်ခံထားသည့် အစီအစဉ် (rice-pledging scheme) မှ ကျန်ရှိသော ဆန်တန်ချိန် ၁၅၀၀၀ ကို လေလံဈေး အမြင့်ဆုံးဖြစ်သည့် ဆန် (၁) တန်လျှင် ဘတ် ၁၉၀၇၀ ဖြင့် တင်ဒါအောင်မြင်ခဲ့ကြောင်း သိရှိရသည်။

27 Jun 2024

     ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမလေးလအတွင်း တရုတ်နိုင်ငံသို့ ငှက်ပျောသီး တန်ချိန် ၃၅၅၀၀၀ တင်ပို့လျက် ၎င်းဈေးကွက်သို့ ငှက်ပျောသီး အများဆုံးတင်ပို့သည့် ထိပ်တန်းနိုင်ငံအဖြစ် ရောက်ရှိလာကြောင်း၊ အဆိုပါပမာဏသည် ဒုတိယအကြီးဆုံးတင်ပို့သူ ဖိလစ်ပိုင်မှ တင်ပို့သည့် ပမာဏ၏ ၂.၄ ဆရှိပြီး တရုတ်နိုင်ငံမှ ငှက်ပျောသီးတင်သွင်းမှု၏ ၄၈.၆% ရှိကြောင်း၊ ဗီယက်နမ် အနေဖြင့် ကမ္ဘာ့ဒုတိယအများဆုံး ငှက်ပျောသီးတင်ပို့သည့် ဖိလစ်ပိုင်နိုင်ငံကို ကျော်တက်အောင် စွမ်းဆောင်နိုင်ခဲ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရှိရသည်။

27 Jun 2024

      မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးနှုန်းအခြေအနေသည် ၂၀၂၄ခုနှစ်၊ လအလိုက်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများအရ ဈေးနှုန်းအနိမ့်အမြင့် (အတက်အကျ) ဖြစ်ပေါ်ခဲ့သည်။ ယခုလ ဇွန်လနောက်ဆုံးပတ်၌ ပဲမျိုးစုံဈေးနှုန်းမြင့်တက်လာကြောင်း တွေ့ရသည်။

၂၀၂၄ခုနှစ် ဇန်နဝါရီလမှ ဇွန်လထိ (၆လ) အတွင်း ပဲဈေးနှုန်းပြောင်းလဲမှု

တစ်တင်းဈေးနှုန်း (ကျပ်)

Pages