ကုန်သွယ်မှုသတင်းများ
အိန္ဒိယနိုင်ငံ၏ နေရာဒေသများစွာ၌ အပူလှိုင်းကျရောက်မှုမှာ အားပျော့လာခဲ့ပြီးနောက် ကြက်သွန်နီ၊ အာလူးနှင့် လတ်ဆတ်ဟင်းသီးဟင်းရွက်များ၏ ဈေးနှုန်းများ ကျဆင်းလာမည့် အရိပ် အခြေရှိသော်လည်း ဂျုံဈေးနှုန်းများ မြင့်တက်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် ဂျုံသိုလှောင်နိုင်ခွင့် ကန့်သတ်ချက်များကို ဗဟိုအစိုးရက ၂၄-၆-၂၀၂၄ ရက်၊ တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီတိုင်းဒေသကြီး၊ ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တို့ရှိ ကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှ တိုက်ရိုက်တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတစ်ဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစားထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်းသိရသည်။

အိန္ဒိယနိုင်ငံတွင် ဈေးကွက်အတွင်း ကုန်စည်ရရှိလွယ်မှုကို ကောင်းမွန်စေရန်နှင့် သိုလှောင်ဈေးကစားမှုများကို ကာကွယ်တားဆီးနိုင်ရန်အတွက် ကုန်သည်လုပ်ငန်းရှင်များ၏ လက်ဝယ်၌ ပဲစင်းငုံနှင့်ကုလားပဲတို့အား အများဆုံးသိုလှောင်ထားနိုင်မည့် ပမာဏကန့်သတ်ချက်များကို အစိုးရ က ၂၁-၆-၂၀၂၄ နေ့တွင် ထုတ်ပြန်ခဲ့သည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၌ ကီလိုမာလကာသီးကို စီးပွားဖြစ်သော်လည်းကောင်း၊ တစ်နိုင်တစ်ပိုင်သော်လည်းကောင်း ဥယျာ၌ခြံများနှင့် အိမ်ခြံဝင်းများတွင် စိုက်ပျိုးကြကြောင်းသိရသည်။

အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုသည် ယခုနှစ်မေလတွင် တန်ချိန် ၇၆၃၃၀၀ ဖြစ်ရာ ယခင်နှစ်ကာလတူ၌ တင်သွင်းမှု ၄၃၉၁၇၃ တန်အပေါ် ၇၄ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ကြောင်း၊ ယင်းသို့ တင်သွင်းမှုမြင့်တက်ရခြင်းမှာ ပြည်တွင်းဝယ်လိုအားမြင့်တက်လာမှုကို အပြည့်အဝ ဖြည့် ဆည်းပေးနိုင်ရန်ဖြစ်ကြောင်း၊ မေလတွင် စုစုပေါင်း စားသုံးဆီတင်သွင်းမှုမှာ တန်ချိန် ၁၅.၂၉ သိန်း ဖြစ်ပြီး ယခင်နှစ် မေလ၌ တန်ချိန် ၁၀.၅၈ သိန်းသာ တင်သွင်းမှုရှိကြောင်း အိန္ဒိယ ဆီကြိတ်ခွဲထုတ် လုပ်သူများအသင်း (Solvent Extractors
