![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/19_16.jpg?itok=lLL4XXZ0)
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၌ ကီလိုမာလကာသီးကို စီးပွားဖြစ်သော်လည်းကောင်း၊ တစ်နိုင်တစ်ပိုင်သော်လည်းကောင်း ဥယျာ၌ခြံများနှင့် အိမ်ခြံဝင်းများတွင် စိုက်ပျိုးကြကြောင်းသိရသည်။
မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စုရှိ ပန်းတော်ပြင်ကျေးရွာတွင် ကီလိုမာလကာမျိုးကို တောင်သူဦးသန်းထိုက်က အပင်ရေ(၃၀၀)ခန့်စိုက်ပျိုးထားကြောင်း၊ ကီလိုမာလကာကိုင်းကူးမျိုး (၁)ပင်လျှင် ကျပ်(၂၅၀၀)ဖြင့် ကျောက်ပန်းတောင်းမြို့မှ ဝယ်ယူပြီးစိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ကိုင်းကူးကီလိုမာလကာပင်မှာ စိုက်ပျိုးပြီး(၃)လအကြာတွင် အသီးသီးကြောင်း၊ အသီးခူးဆွတ်ချိန်တွင် (၁) ရက်ခြား (၁)ကြိမ်လျှင် အလုံးရေ (၁၀၀)ထိခူးဆွတ်ရကြောင်း၊ ကီလိုမာလကာသီး(၁)လုံးလျှင် အကြီး/အသေးပေါ်မှုတည်၍ လက်ကားဈေး ကျပ်(၄၀၀မှ ၅၀၀)ထိရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှ-ဘက်စုံရှိ သစ်သီးရောင်းချသည့် ဆိုင်များသို့တင်သွင်းကြောင်းသိရပါသည်။
DOCA(မကွေး)