Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
04 Jul 2024

    အင်္ဂလိပ်လို Cabbage လို့ခေါ်ပြီး အချို့ဒေသများတွင်တော့ ဂေါ်ဖီထုပ်လို့ ခေါ်ကြသည့် ထိုဝဝတုတ်တုတ်ဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်း၊ ကလောမြို့နယ်များတွင် အများဆုံးစိုက်ပျိုးပြီး ကျန်မြို့နယ်များတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။ ဂေါ်ဖီထုပ်တွင် ကျန်းမာရေးအတွက် လိုအပ်သော အာဟာရဓါတ်များစွာ ပါဝင်ပါသည်။ ဂေါ်ဖီထုပ် စားသုံးခြင်းဖြင့် ကိုယ်ခံစွမ်းအားကောင်းစေခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်း

04 Jul 2024

    ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နာနတ်သီးစိုက်ဧက (၁၀၀၀)ကျော် စိုက်ပျိုးပြီး ၁ ဧက အထွက်နှုန်းမှာ (၄၀၀၀) လုံးခန့်ရှိပါသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်၊ နမ့်စန်၊ မိုင်းကိုင်၊ မိုင်းပန်မြို့များတွင် အများဆုံးစိုက်ပျိုးကြပါသည်။ အသီးပေါ်ရှိ အပင်အားစိုက်ပျိုးလျှင် (၃) နှစ်အကြာမှ ခူးဆွတ်ရရှိပြီး ပင်စည်မှထွက်ရှိလာသော အတက်များကို စိုက်ပျိုးလျှင် (၂)နှစ် အကြာ ဇွန်၊ ဇူလိုင်လများတွင် ခူးဆွတ်နိုင်ပါသည်။ နာနတ်အပင် သက်တမ်းမှာ (၇) နှစ်ရှိပြီး “နှစ်လတ်” သီးနှံဖြစ်ပါသည်။ တစ်ကြိမ်စိုက်ပ

04 Jul 2024

   ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသတွင် ယခုတစ်ပတ်ပြောင်းသီးနှံမှာ တစ်ပိဿာလျှင် အမြင့်ဈေး (၁၂၅၀)ကျပ်ရှိ၍ ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်လျက် ပြည်တွင်းဈေးကွက်သာရှိသဖြင့် စီးဆင်းမှုနည်းပါးနေပါသည်။တရုတ်ပြည် ကြူကုတ်ကြက်သွန်ဖြူများ ဝင်ရောက်လာပြီး ရှမ်း ကြက်သွန်ဖြူအသုံးပါးလာသဖြင့် ဈေးအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

04 Jul 2024

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ (စတုတ္ထပတ်)တွင်  စားဖိုဆောင်သီးနှံ ကြက်သွန်နီဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဇွန်လ(စတုတ္ထပတ်)တွင် ကြက်သွန်နီ အမြင့်ဈေး တစ်ပိဿာလျှင် ထိပ်စ ကျပ်(၁၉၀၀)၊ အလတ်စ ကျပ် (၁၈၀၀)၊ အသေးစ ကျပ်(၁၆၀၀) ဈေးနှုန်းရှိခဲ့ပြီး ယခင်ဇွန်လ(တတိယပတ်)နှင့် ကာလတူ နှိုင်းယှဉ်ကြည့်ပါက ဈေးအတက်အကျမရှိ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုဇွန်လ (စတုတ္ထပတ်)တွင် ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများပြီး ဥပုသ်နေ့မှလွ

04 Jul 2024

   တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များနှင့်မြို့များတွင် ကွမ်းသီးပင်များ စိုက်ပျိုးထားလျက်ရှိရာ ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်များနှင့်မြို့များမှ အဝယ်ဒိုင်ကြီးများကဝယ်ယူကာ ကွမ်းသီးခြောက်လုံးနှင့် ကွမ်းသီးခြောက်ခြမ်းများကို ရန်ကုန်မြို့နှင့်မန္တလေးမြို့များသို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိပြီး အခြားပြည်နယ်နှင့် မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ထို့အပြင် ၎င်းတို့မှ တစ်ဆင့် ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။

Pages