Main menu

၂၀၂၄ခုနှစ် ဇွန်လ စတုတ္ထပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဆင်းမှုအခြေအနေ

Powered by Drupal

   ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသတွင် ယခုတစ်ပတ်ပြောင်းသီးနှံမှာ တစ်ပိဿာလျှင် အမြင့်ဈေး (၁၂၅၀)ကျပ်ရှိ၍ ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်လျက် ပြည်တွင်းဈေးကွက်သာရှိသဖြင့် စီးဆင်းမှုနည်းပါးနေပါသည်။တရုတ်ပြည် ကြူကုတ်ကြက်သွန်ဖြူများ ဝင်ရောက်လာပြီး ရှမ်း ကြက်သွန်ဖြူအသုံးပါးလာသဖြင့် ဈေးအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

     အာလူးသီးနှံမှာမျက်နီ S2-၃၂၀၀ကျပ်၊ S1-၃၀၀၀ကျပ်၊ OK-၂၉၀၀ကျပ်၊ ဆွဲသီး ၂၀၀၀ကျပ်၊ ဂေါ် လီဆိုဒ်မှာ ၁၂၀၀ကျပ်ဖြစ်ပြီး မားကီးနှင့်နယ်သာလန်မျိုးတို့တွင် S2-၃၅၀၀ကျပ် နှင့် S1-၃၄၀၀ကျပ် ပေါက်ဈေးရှိပြီး ယခင်အပတ်တိုင်းဈေးနှုန်းတည်ငြိမ်၍ အဝင်ပါးကာစီးဆင်းမှုနည်းလာကြောင်း သိရှိရပါသည်။

    ချင်းသီးနှံမှာချင်းဥမပေါ်ချိန်ဖြစ်၍ ချင်းအနုအသေးမှာ တစ်ပိဿာလျှင်(၄၅၀၀)ကျပ်ခန့်ဈေးရှိနေပြီး ချင်းအဟောင်းလက်ကျန်နည်းကာ အခက်ကြီးအသန့် တစ်ပိဿာလျှင် (၈၅၀၀)ကျပ်ဖြင့် ဈေးပေါက်နေပြီး လက်ကျန်နည်းကြောင်း သိရှိရပါသည်။

    ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ ၄၀၀၀-၄၅၀၀ကျပ်၊ ပန်းမုံလာ ၈၅၀-၁၀၀၀ကျပ်၊ ခရမ်းချဉ်ဂွတ် ရှယ်သီး၃၈၀၀ကျပ်နှင့် အသေးဆုံးသီး ၃၂၀၀ကျပ်၊ ဘိုစားပဲ ၂၀၀၀ကျပ်၊ ဥနီ ၃၅၀၀-၃၈၀၀ကျပ်၊ ဖရုံသီး ၁၀၀၀ကျပ်၊ ရွှေပဲ ၁၅၀၀၀-၁၆၀၀၀ကျပ်၊ ငရုတ်ပွ ၁၅၀၀-၁၇၀၀ကျပ်၊ ခရမ်းသီး ၁၅၀၀ကျပ်၊ မုန်ညှင်း ၈၀၀-၁၀၀၀ကျပ် အသီးသီးဈေးပေါက်နေကြပြီး ပန်းမုန်လာသီးနှံနှင့် ဘိုစားသီးနှံတို့မှာ ဝင်ရောက်မှုများလာသဖြင့် ဈေးနှုန်းကျဆင်းသွားကြောင်း ဈေးကွက်အတွင်းမှ လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)