Main menu

ဦးဦးဖျားဖျား နာနတ်သီးများ ဈေးကွက်ရောက်ရှိ

Powered by Drupal

    ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နာနတ်သီးစိုက်ဧက (၁၀၀၀)ကျော် စိုက်ပျိုးပြီး ၁ ဧက အထွက်နှုန်းမှာ (၄၀၀၀) လုံးခန့်ရှိပါသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်၊ နမ့်စန်၊ မိုင်းကိုင်၊ မိုင်းပန်မြို့များတွင် အများဆုံးစိုက်ပျိုးကြပါသည်။ အသီးပေါ်ရှိ အပင်အားစိုက်ပျိုးလျှင် (၃) နှစ်အကြာမှ ခူးဆွတ်ရရှိပြီး ပင်စည်မှထွက်ရှိလာသော အတက်များကို စိုက်ပျိုးလျှင် (၂)နှစ် အကြာ ဇွန်၊ ဇူလိုင်လများတွင် ခူးဆွတ်နိုင်ပါသည်။ နာနတ်အပင် သက်တမ်းမှာ (၇) နှစ်ရှိပြီး “နှစ်လတ်” သီးနှံဖြစ်ပါသည်။ တစ်ကြိမ်စိုက်ပျိုးပြီး ကျန်နှစ်များတွင် ပေါင်း/မြက်ရှင်းလင်းခြင်းနှင့် အပင်ပြုစု စရိတ်သာကုန်ကျပြီး နှစ်စဉ်ဝင်ငွေရရှိသဖြင့် တောင်သူများအကျိုးအမြတ်ရရှိသည့် သီးနှံတစ်မျိုး ဖြစ်ပါသည်။ ယခင်နှစ် ဦးဦးဖျားဖျား စတင်ထွက်ရှိသည့်အချိန်တွင် နာနတ်သီး (ဒေသသီး) တစ်လုံးလျှင် ၁၅၀၀ ကျပ်၊ ပျားနာနတ်(အချိုသီး) တစ်လုံးလျှင် ၂၅၀၀ ကျပ် ရရှိပြီး ယခုနှစ် ဦးဦးဖျားဖျား စတင်ထွက်ရှိချိန်မှာတော့ (ဒေသသီး) ၂၀၀၀ ကျပ်၊ ပျားနာနတ် ၃၅၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) ဖြစ်သည့် ဝိုင်လုပ်ငန်းရှင်များ၊ ဖျော်ရည်လုပ်ငန်းရှင်များ၊ ယိုလုပ်ငန်းရှင်များမှလည်း သီးနှံထွက်ရှိသည့် မြို့၊ရွာများအထိ ခြံပြတ်လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ် တောင်ပိုင်းမှ ထွက်ရှိလာသောနာနတ်သီးမျာအား ဒေသတွင်းနှင့် နေပြည်တော်၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခင်နှစ်များထက် ယခုနှစ်က ဈေးပိုမိုရရှိနိုင်သဖြင့် တောင်သူများ စားဝတ်နေရေးအဆင်ပြေမည် ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)