မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ (စတုတ္ထပတ်)တွင် စားဖိုဆောင်သီးနှံ ကြက်သွန်နီဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဇွန်လ(စတုတ္ထပတ်)တွင် ကြက်သွန်နီ အမြင့်ဈေး တစ်ပိဿာလျှင် ထိပ်စ ကျပ်(၁၉၀၀)၊ အလတ်စ ကျပ် (၁၈၀၀)၊ အသေးစ ကျပ်(၁၆၀၀) ဈေးနှုန်းရှိခဲ့ပြီး ယခင်ဇွန်လ(တတိယပတ်)နှင့် ကာလတူ နှိုင်းယှဉ်ကြည့်ပါက ဈေးအတက်အကျမရှိ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုဇွန်လ (စတုတ္ထပတ်)တွင် ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများပြီး ဥပုသ်နေ့မှလွဲ၍ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ရက်လျှင် ကုန်ချိန်ပိဿာ (၂၀၀၀၀ မှ ၃၀၀၀၀) အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီပွဲရုံများတွင်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
ပခုက္ကူဈေးကွက်သို့ ကူရှည်၊ ဆင်နီတောင်၊ ဒေါသာ၊ ပင်းတလဲ၊ ရွာသစ်ကြီး၊ လိပ်ခြံကျေးရွာ များမှ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။ ကုန်စည်စီးဆင်းမှုအနေဖြင့် ရန်ကုန် ဘုရင့်နောင်ပွဲရုံသို့ အများဆုံးတင်ပို့လျက်ရှိကြောင်း၊ ပြည်ပဝယ်လက်ရှိသော်လည်း လမ်းပမ်း ဆက်သွယ်မှုခက်ခဲ၍ မော်လမြိုင်၊ မြဝတီမြို့များသို့ ကုန်စည်စီးဆင်းမှုနည်းကြောင်း၊ ယခုဇွန်လ (စတုတ္ထပတ်)တွင် ကြက်သွန်နီကုန်ချိန်ပိဿာ(၂)သိန်း၊ တန်ချိန်အားဖြင့် (၃၂၆)တန်ခန့် ကုန်စည် စီးဆင်းခဲ့ကြောင်း၊ မြို့တွင်း လက်လီဈေးအနေဖြင့် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၀၀၀ - ၂၅၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးကွက်မှသိရှိရပါသည်။
DOCA(မကွေး)