ကုန်သွယ်မှုသတင်းများ
ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇွန်လ နောက်ဆုံးပတ်တွင် စပါး/ဆန်ဈေးနှုန်းများ အနည်းငယ်ကျဆင်းနေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ တတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၀၅၀၀၊ မန္တလေးသို့ အိတ်ရေ ၃၄၅၀၀၊ နေပြည်တော်သို့ အိတ်ရေ ၅၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၃၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်းအိတ်ရေ ၇၇၀၀၀အိတ်၊ တန်အားဖြင့် ၃၈၅၀တန်စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရ

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် နှမ်းနှင့်ပဲမျိုးစုံသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဇွန်လ(စတုတ္ထပတ်)အတွင်းတွင် နှမ်းနက်(စမုံ)မှာ (၄၅)ပိဿာပါဝင် (၁)အိတ်လျှင် အနိမ့်ဈေး ကျပ်(၃၇၅၀၀၀)၊ အမြင့်ဈေး ကျပ်(၃၈၀၀၀၀)ဖြင့် အိတ်ရေ(၄၃၀) အိတ် အရောင်းအဝယ်ဖြစ်ခဲ့ပါကြောင်း သိရှိခဲ့ရပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ဒေသထွက် နာနတ်သီးများကို တောင်ကုန်းတောင်စောင်းနေရာများဖြစ်သော မြေလွတ်မြေရိုင်း၊ တောင်စောင်းမြေဥယျာဉ်များပေါ်တွင် နှစ်ရှည်သီးနှံအဖြစ် စိုက်ပျိုးကြပြီး မိုင်းလပ်၊ မိုင်းလန်း၊ မိုင်းဇင်းကျေးရွာအုပ်စုများတွင် အများဆုံး တစ်ပိုင်တစ်နိုင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။ ယင်းသို့စိုက်ပျိုးဖြစ်ထွန်းမှုအခြေအနေများကို နာနတ်စိုက်ပျိုးသည့် တောင်သူကြီးထံ မေးမြန်းခဲ့ရာ ဒေသခံတောင်သူကြီးများအနေဖြင့် နှစ်ရှည်သီးနှံဖြစ်သော နာနတ်သီးပင်များက
ပန်းတိမ်ငိုပန်းသည် မိုးတွင်းကာလ၌ ပွင့်တက်သည့်ပန်းတစ်မျိုးဖြစ်သည်။ ပန်းတိမ်ငိုပန်းသည် အအေးပိုင်းနေရာဒေသတွင် ကြိုက်နှစ်သက်သော်လည်း အပူပိုင်းဒေသတွင်လည်း စတင်စိုက်ပျိုးလာကြသည်။ ပန်းတိမ်းငိုပန်းသည် အမျိုးအစားသုံးမျိုးရှိပြီး တစ်ထပ်ပန်းတိမ်ငို၊ နှစ်ထပ်ပန်းတိမ်ငို၊ သုံးထပ် ပန်းတိမ်ငို(ခေါ်) ဆင်ဆွယ်ဟူ၍ သုံးမျိုးရှိသည်။ မျိုးကွဲပေါင်းများစွာရှိပြီး ပန်းအရောင်မှာ ပန်းရောင်၊ ခရမ်းရောင်၊ ခရမ်းဖျော့၊ အဖြူရောင်ရှိကြသည်။ အပင်အမြင့်သည် ၁၈လက်မ မှ ၂၄လက်မအထိရှိပြီး အရွက်များမှာ အမြဲစိမ်း
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အာလူးကို (၄၀၄၃၇) ဧက စိုက်ပျိုးပြီး ဟဲဟိုး၊ နောင်တရား၊ ပင်းတယမြို့နယ်များတွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ အာလူးသီးနှံသည် အေး၍ သမရာသီဥတိုကို ကြိုက်နှစ်သက်ပြီး မိုးရေချိန်(၄၀-၈၀) လက်မအတွင်း ရွာသွန်းသောဒေသများ မြေနီ၊ နှုန်းတင်မြေ၊ ခဲမြေနက်မြေများတွင် ကောင်းစွာစိုက်ပျိုးနိုင်ပါသည်။ အာလူးကို မိုးကြို၊ စက(မိုးနှောင်း)၊ ရေသွင်းအာလူး စသည်ဖြင့် သုံးသီးစိုက်ပျိုးကြပါသည်။ မိုးကြိုအာလူးကို မေလနှင့် ဇွန်လ၊ စက(မိုးနှောင်း)အာလူးကို စက်တင်ဘာလနှင့် အော
