Main menu

ရွှေဘိုခရိုင်အတွင်း ဇွန်လ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

       ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇွန်လ နောက်ဆုံးပတ်တွင် စပါး/ဆန်ဈေးနှုန်းများ အနည်းငယ်ကျဆင်းနေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ တတိယပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၃၀၅၀၀၊ မန္တလေးသို့ အိတ်ရေ ၃၄၅၀၀၊ နေပြည်တော်သို့ အိတ်ရေ ၅၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၃၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်းအိတ်ရေ ၇၇၀၀၀အိတ်၊ တန်အားဖြင့် ၃၈၅၀တန်စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၅၀၀၊ မန္တလေးသို့ အိတ်ရေ ၃၅၀၀၀၊ နေပြည်တော်သို့ အိတ်ရေ၅၅၀၀၊ရှမ်း(တောင်)သို့ အိတ်ရေ ၃၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်းအိတ်ရေ ၇၉၅၀၀အိတ်၊ တန်အားဖြင့် ၃၉၇၅တန်စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ယခုအပတ်အတွင်း အိတ်ရေ ၂၅၀၀အိတ်၊ တန်အားဖြင့် ၁၂၅တန်ပို၍စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဇွန်လ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါးတင်း၁၀၀လျှင် ကျပ်၄၄၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၄၅၀၀၀၊  ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၁၅၀၀၀နှင့် ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၀၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)