Main menu

အောင်လံကုန်စည်ဒိုင်၏ သီးနှံမျိုးစုံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် နှမ်းနှင့်ပဲမျိုးစုံသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဇွန်လ(စတုတ္ထပတ်)အတွင်းတွင် နှမ်းနက်(စမုံ)မှာ (၄၅)ပိဿာပါဝင် (၁)အိတ်လျှင် အနိမ့်ဈေး ကျပ်(၃၇၅၀၀၀)၊ အမြင့်ဈေး ကျပ်(၃၈၀၀၀၀)ဖြင့် အိတ်ရေ(၄၃၀) အိတ် အရောင်းအဝယ်ဖြစ်ခဲ့ပါကြောင်း သိရှိခဲ့ရပါသည်။

    ပဲမျိုးစုံသီးနှံဈေးကွက်တွင် ဇွန်လ(စတုတ္ထပတ်)အတွင်းတွင် မတ်ပဲ(၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၁၀၅၀၀၀)၊ အမြင့်ဈေးကျပ်(၁၀၇၅၀၀)ဖြင့် (၃၀)ပိဿာဝင် အိတ်(၂၃၀)ကိုလည်းကောင်း၊ ပဲစဉ်း ငုံနီမှာ(၁)တင်းလျှင် အနိမ့်ဈေးကျပ် (၁၄၁၀၀၀)၊ အမြင့်ဈေးကျပ်(၁၄၅၀၀၀)ဖြင့် (၃၀)ပိဿာဝင် အိတ်(၂၁၀၀)ကိုလည်းကောင်း၊ ကုလားပဲ(HL) (၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၈၄၀၀၀) အမြင့်ဈေး ကျပ်(၈၅၅၀၀)ဖြင့် (၃၀)ပိဿာဝင် အိတ်(၃၀၀)ကိုလည်းကောင်း၊ ကုလားပဲ(မြကြေး) (၁)တင်းလျှင် ကျပ်(၈၉၀၀၀)ဖြင့် (၃၀)ပိဿာဝင် အိတ်(၁၈၀)ကိုလည်းကောင်း၊ ဘိုကိတ်ပြာ (၁)တင်းလျှင် ကျပ် (၈၅၀၀၀)ဖြင့် (၃၀)ပိဿာဝင် အိတ်(၉၀)ကိုလည်းကောင်း၊ မြေပဲလုံးဆံ(နီ)(၁)ပိဿာလျှင် ယခု တစ်ပတ်အတွင်း ကျပ်(၇၄၀၀)ဖြင့် (၃၀)ပိဿာဝင် အိတ်(၁၃၀)ကိုလည်းကောင်း၊ မြေပဲလုံးဆံ (ဖြူ) (၁)ပိဿာလျှင် ယခုတစ်ပတ်အတွင်း အနိမ့်ဈေး ကျပ်(၇၄၀၀)၊ အမြင့်ဈေးကျပ်(၇၅၀၀)ဖြင့် (၃၀) ပိဿာဝင် အိတ်(၁၅၀)ကိုလည်းကောင်း အသီးသီးအရောင်းအဝယ်ရှိခဲ့ပါကြောင်း သိရသည်။ ကုလားပဲ(HL)၊ ကုလားပဲ(မြကြေး)တို့ကို အောင်လံမြို့နယ်တွင်းရှိ ပဲခွဲစက်များသို့ ပေးပို့ရောင်းချရခြင်းဖြစ်ပြီး မြေပဲလုံးဆံ(ဖြူ)၊ မြေပဲလုံးဆံ(နီ)တို့ကို ပဲကြော်လုပ်ငန်းဖိုသို့လည်းကောင်း၊ မတ်ပဲ၊ ပဲစဉ်းငုံနီ၊ ဘိုကိတ်ပြာတို့ကို ရန်ကုန်မြို့သို့လည်းကောင်း တင်ပို့ရောင်းချရခြင်းဖြစ်ပါကြောင်းနှင့် ဈေးနှုန်းဈေးကွက်အနေဖြင့် နှမ်းသီးနှံမှာ ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်လျက်ရှိပြီး ပဲမျိုးစုံ သီးနှံဈေးကွက်တွင် သိသိသာသာ အတက်အကျဈေးနှုန်းမရှိဘဲ တစ်နေ့နှင့်တစ်နေ့ ကျပ်(၁၀၀၀-၂၀၀၀) အတက်အကျမျှသာရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

    ထို့နောက် ဝါသီးနှံမှာ ယခုတစ်ပတ်အတွင်းတွင် (၁)ပိဿာလျှင် ကျပ်(၂၉၀၀ မှ ၃၀၀၀) ဈေးနှုန်းရှိပြီး ဝါပိဿာချိန် (၄၀၀၀)ပိဿာခန့်အား မန္တလေးမြို့သို့ တင်ပို့ရောင်းချပါကြောင်း၊ ဇွန်လ (တတိယပတ်)နှင့် (စတုတ္ထပတ်)အတွင်းတွင် ဈေးနှုန်းပြောင်းလဲမှုမရှိပါကြောင်း၊ အရောင်းအဝယ်မှာ ပုံမှန်အနေအထားမျှသာရှိပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရပါသည်။

DOCA(မကွေး)