Main menu

ပန်းတိမ်ငိုပန်း

Powered by Drupal

    ပန်းတိမ်ငိုပန်းသည် မိုးတွင်းကာလ၌ ပွင့်တက်သည့်ပန်းတစ်မျိုးဖြစ်သည်။ ပန်းတိမ်ငိုပန်းသည် အအေးပိုင်းနေရာဒေသတွင် ကြိုက်နှစ်သက်သော်လည်း အပူပိုင်းဒေသတွင်လည်း စတင်စိုက်ပျိုးလာကြသည်။  ပန်းတိမ်းငိုပန်းသည် အမျိုးအစားသုံးမျိုးရှိပြီး တစ်ထပ်ပန်းတိမ်ငို၊ နှစ်ထပ်ပန်းတိမ်ငို၊ သုံးထပ် ပန်းတိမ်ငို(ခေါ်) ဆင်ဆွယ်ဟူ၍ သုံးမျိုးရှိသည်။ မျိုးကွဲပေါင်းများစွာရှိပြီး ပန်းအရောင်မှာ ပန်းရောင်၊ ခရမ်းရောင်၊ ခရမ်းဖျော့၊ အဖြူရောင်ရှိကြသည်။ အပင်အမြင့်သည် ၁၈လက်မ မှ ၂၄လက်မအထိရှိပြီး အရွက်များမှာ အမြဲစိမ်းစိုနေသည်။ ပန်းတိမ်ငိုပန်းသည် အအေးပိုင်းဒေသများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ပန်းတိမ်ငိုပန်းသည် ရှမ်းပြည်နယ်၊တောင်ပိုင်း ရွာငံနှင့် ပင်းတယမြို့နယ်တွင် အများဆုံးစိုက်ပျိုးကြသည်။ပန်းတိမ်ငိုပန်းပင်သည် ရေကြိုက်နှစ်သက်သော်လည်း ရေဝပ်သည့် ဒဏ်ကိုမခံနိုင်ကြောင်း သိရပါသည်။ ပန်းတိမ်းငိုပန်းသည် ဘုရားပန်းအဖြစ်သာမက အခမ်းအနားများတွင် တန်ဖိုးထားအလှဆင်သည့် ပန်းတစ်မျိုးဖြစ်သဖြင့် ပန်းစိုက်တောင်သူတို့အတွက် တွက်ခြေကိုက်သောပန်းတစ်မျိုးဖြစ်ပါသည်။ ယခုအခါ ပန်းတိမ်ငိုပန်းသည် ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့် ယနေ့ဒေသပေါက်ဈေးအနေဖြင့် ပန်းတိမ်ငိုပန်း (ခရမ်းရောင်) ၁၀ပင်ပါ တစ်စည်းမှာ ၄၀၀၀ကျပ်နှုန်းရှိပြီး ပန်းတိမ်ငိုပန်း (အဖြူရောင်နှင့်အပန်းရောင်) ၁၀ပင်ပါ တစ်စည်းမှာ ၃၅၀၀ကျပ်နှုန်းဝန်ကျင်ဖြင့် ရောင်းချလျက်ရှိပါကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(ရှမ်း)