ကုန်သွယ်မှုသတင်းများ
ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏ ကြက်သွန်နီလက်ကျန် အခြေအနေများအား အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန

“နိုင်ငံ့စပါးကျီ ဧရာဝတီ” ဟူသောဆောင်ပုဒ်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီးအတွင်း စပါးကြိတ်ခွဲရာတွင် ရှေးယခင်က ဘွိုင်လာစနစ်ဖြင့် ကြိတ်ခွဲခဲ့ပြီး နောက်ပိုင်း၌ လျှပ်စစ်ဖြင့် ကြိတ်ခွဲထုတ်လုပ်လျက်ရှိသော်လည်း ၂၀၀၁ခုနှစ်နောက်ပိုင်းတွင် လျှပ်စစ်၊ ဘွိုင်လာဖြင့် ကြိတ်ခွဲမှုပြန်ရှိပြီး စပါးကြိတ်ခွဲရာမှထွက်ရှိလာသော စပါးခွံကိုအသုံးပြု၍ Gasifier ဖြင့် လျှပ်စစ်ဓာတ်ထုတ်လုပ်၍ ဆန်စက်များလည်ပတ်ကြိတ်ခွဲလျက်ရှိရာ ယခုအခါ ဧရာဝတီတိုင်းဒေသကြီးအတွင်း လပွတ္တာမြို့ပေါ်ရှိ တန်(၃၀) ကျကြိတ်ခွဲထုတ်လုပ်နိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ပင်လယ်ကမ်းခြေနှင့်နီးကပ်လျက်ရှိသော ငပုတောမြို့နယ်အတွင်းရှိ ဟိုင်းကြီးကျွန်းကျေးရွာ၊ မော်တင်၊ ဇီးချိုင်၊ ကံချိုင်၊ စံပြကျေးရွာ၊ သက္ကသောင်၊ သမ္မာဒေဝ၊ တောင်ကလေးကျေးရွာများနှင့် အခြားကျေးရွာများ၊ ချောင်းသာ၊ ငွေဆောင်ဝန်းကျင်ကျေးရွာများတွင် ရေချို၊ ရေငန်ပုစွန်များကိုဖမ်းဆီးလျက်ရှိပြီး ပုသိမ်ဈေးကွက်သို့ လာရောက်ရောင်းချလျက်ရှိကြောင်း ဈေးကွက်မှသိရသည်။
၂.၇.၂၀၂၄ ရက်နေ့တွင် ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်နှင့် ပေါင်မြို့နယ် ပေါင်းရပ်ကွက်တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် ပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ကိုယ်တိုင် စိုက်ပျိုး မွေးမြူထုတ်လုပ် ဖြန့်ဖြူးသူများက သက်သာသော ဈေးနှုန်းများဖြင့် စားသောက်ကုန် ပစ္စည်းများ ရောင်းချပေးခြင်းကို ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဇွန် ၂၈ ရက်နေ့ နံနက် (၀၇:၀၀)နာရီက မြို့မဈေးဝင်းအတွင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
