Main menu

‌ဈေးကောင်းရနေတဲ့ ဧရာရေထွက်ပုစွန်ဈေးကွက်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ပင်လယ်ကမ်းခြေနှင့်နီးကပ်လျက်ရှိသော ငပုတောမြို့နယ်အတွင်းရှိ  ဟိုင်းကြီးကျွန်းကျေးရွာ၊ မော်တင်၊ ဇီးချိုင်၊ ကံချိုင်၊ စံပြကျေးရွာ၊ သက္ကသောင်၊ သမ္မာဒေဝ၊ တောင်ကလေးကျေးရွာများနှင့် အခြားကျေးရွာများ၊ ချောင်းသာ၊ ငွေဆောင်ဝန်းကျင်ကျေးရွာများတွင် ရေချို၊ ရေငန်ပုစွန်များကိုဖမ်းဆီးလျက်ရှိပြီး ပုသိမ်ဈေးကွက်သို့ လာရောက်ရောင်းချလျက်ရှိကြောင်း ဈေးကွက်မှသိရသည်။

     ပုသိမ်ဈေးကွက်တွင် ဒေသတွင်းစားသုံးရန်နှင့် ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိပြီး ဂရမ်၂၅၀အထက် ပုစွန်ဈေးမှာ ၁ပိဿာလျှင် ၈၅၀၀၀ကျပ်၊ ဂရမ် ၂၀၀အထက်ဈေးမှာ ၁ပိဿာလျှင် ၆၅၀၀၀ကျပ်ဈေးနှုန်းနှင့် ဂရမ်၅၀မှ ဂရမ်၁၀၀အတွင်း (၅၀၀၀၀/၆၀၀၀၀) ကျပ်ဈေးနှုန်းခန့်၊ ပုစွန်အရွယ်အစားအလိုက် (၂၀၀၀၀/၄၀၀၀၀) ကျပ်အတွင်းရှိ ပုစွန်များကိုလည်း ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်းသိရသည်။

       ပုသိမ်ဈေးကွက်မှ ပြည်ပဈေးကွက်သို့ တိုက်ရိုက်တင်ပို့ရောင်းချမှုမရှိဘဲ ရန်ကုန်မြို့ရှိ စံပြဈေးနှင့် ရွှေပိတောက်ပါးဈေးသို့ နေ့စဉ်တင်ပို့ရောင်းချလျက်ရှိပြီး ရန်ကုန်မြို့ရှိ ပြည်ပသို့တင်ပို့ရောင်းချသည့် ကုမ္ပဏီများ၊ အဝယ်တော်များက အဆိုပါဈေးများတွင်  ဂရမ်၂၀၀အထက်နှင့် ဂရမ်၂၅၀အထက်ပုစွန်များကို လာရောက်ဝယ်ယူလျက်ရှိကြပြီး အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ယိုးဒယား၊ စင်္ကာပူ၊ အာရှနိုင်ငံများဖြစ်သော ဂျပန်နိုင်ငံနှင့် ဥရောပနိုင်ငံများသို့လည်းတင်ပို့ရောင်းချလျက်ရှိကြောင်း၊ ပုသိမ်ဈေးကွက်မှ ရေထွက်ပစ္စည်းများရောင်းချရာတွင် ရန်ကုန်မြို့ရှိ အဝယ်ဒိုင်များက ဖွင့်လှစ်သောဈေးနှုန်းဖြင့်သာရောင်းချရပြီး ရန်ကုန်မြို့ရှိ ပြည်ပသို့ပို့သော ကုမ္ပဏီများအနေဖြင့်လည်း အရည်အသွေး၊ ဝယ်လိုအား၊ ဈေးကွက်ပေါ်မူတည်၍ အရောင်းအဝယ်ပြုလုပ်ရကြောင်း ပုသိမ်မြို့ရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(ဧရာဝတီ)