ကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မဲတောအုပ်စု၊ ဇယ်မကျေးရွာတွင် ရွှေဖရုံသီးများ စိုက်ပျိုး ထွက်ရှိကြောင်းသိရပါသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း များသည် (၁၉.၆.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် သွားရောက် ကွင်းဆင်းလေ့လာခဲ့ ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာ၊ ကံရိုးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကိုစိုက်ပျိုးကြ သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၏ ၂၀၂၄ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများမှာ ပုစွန်ခြောက်(အချို)(၁)ပိဿာလျှင် ကျပ်(၅၈၀၀၀)၊ ငါးပုတ်သင်ခြောက်(၁)ပိဿာလျှင် ကျပ်(၁၉၅၀၀)၊ ငါးကြီးသားခြောက် (၁)ပိဿာလျှင် ကျပ်(၅၈၀၀၀)၊ မြီးဆံသွယ်ခြောက်(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀) ၊ ငါးနီတူခြောက် (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ လသာခြောက်(အချို)(၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ငါးရောင်ခြောက်(၁)ပိဿာလျှင် ကျပ်(၂၆၀၀၀)၊ ပလာတူးခြောက်(အချို)(၁)ပိဿာလျှင် ကျပ်(၁၄၀

ကောက်ရိုးမှိုသည် မြန်မာလူမျိုးတို့ နှစ်သက်စွာစားသုံးသောသီးနှံဖြစ်သည်။ ကောက်ရိုးမှိုသည် သဘာဝအလျောက် ကောက်ရိုးပုံ၊ ကောက်ရိုးပြတ်ပုံများမှ အလိုအလျောက်ကောက်ရိုးမှိုများ ပွင့်ထွက်လာသည်ကိုလည်းတွေ့ရသည်။ ကျေးလက်ဒေသများတွင် ကောက်ရိုးပုံများကို ရေလောင်းခြင်း၊ ဆန်ကွဲများကြဲပက်ပေးခြင်းဖြင့် ကောက်ရိုးမှိုစိုက်ပျိုးကြကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကလုပ်ကိုင်ပြီး လယ်ယာထွက်ကုန်သီးနှံများကို စိုက်ပျိုးကြသကဲ့သို့ ဥယျာဉ်ခြံထွက်သီးနှံများကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်းသိရသည်။
မြန်မာနိုင်ငံ၌ စိုက်ပျိုးလျက်ရှိသော နဂါးမောက်မျိုးများမှာ အပြင်အခွံအနီရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုး၊ အပြင်ခွံအနီရောင်နှင့် အတွင်းသားအနီရောင်ရှိသောမျိုး၊ အပြင်ခွံအဝါရောင်နှင့်အတွင်းသားအဖြူရောင်ရှိသောမျိုးတို့ဖြစ်ကြသည်။
