ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်အသစ်များ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်း တောင်းမြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှထွက်ရှိ၍ နေ့စဉ်ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြားသောသတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန်ရည်ရွယ်၍ ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိမှုတို့ကို ကွင်းဆင်းလေ့လာပြီး ရေးသားတင်ပြလျက်ရှိကြောင်းသိရသည်။

ကြက်သွန်ဖြူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် မိသားစုစားသုံးရန်အတွက် စားဖိုဆောင်သီးနှံများကို ရာသီအလိုက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် ရာသီသီးနှံဖြစ်သည့် ရွှေဖရုံသီးပင်များကို စိုက်ပျိုးထားခြင်းဖြစ်ပါသည်။

မိတ္ထီလာမြို့နယ်ရှိ ကျောက်ဖူး၊ တောမ၊ ကံတောင်ကျေးရွာများတွင် မိသားစုအပိုဝင်ငွေ ရရှိအောင် ဟင်းသီဟင်းရွက်များ စိုက်ပျိုးရောင်းချကြပါသည်။ ယခုအခါ ဈေးကွက်အတွင်း ခရမ်းချဉ် သီး ဈေးကောင်းရ၍ ပိုမိုစိုက်ပျိုးလာကြပါသည်။ ခရမ်းချဉ်သီး (ပြည်ပ) မျိုးများကို တစ်နှစ်သုံးကြိမ် စိုက်ပျိုးကြပါသည်။ မိုးရာသီ ဇွန်လတွင် စိုက်ပျိုးကြပြီး၊ သြဂုတ်လနှင့်နိုဝင်ဘာလများတွင်လည်း စိုက် ပျိုးကြကြောင်း၊ ခရမ်းချဉ်သီးစိုက်ပျိုးရာ ဧကလိုက်စိုက်ပျိုးခြင်း နည်းပြီး၊ တစ်ပိုင်တစ်နိုင်ပျိုးထုတ်အလိုက် စိုက်ပျိုးကြ
