ကုန်သွယ်မှုသတင်းများ
ဖိလစ်ပိုင်နိုင်ငံတွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်သည် ၂ဝ၂၄ ခုနှစ် ဇွန်လအတွင်း အားလျော့လာခဲ့သော်လည်း ပူပြင်းခြောက်သွေ့သော အခြေအနေများကြောင့် ဆန်၊ ပြောင်းနှင့် အခြားတန်ဖိုးမြင့်မားသည့် သီးနှံများကဲ့သို့သော စားသောက်ကုန်စည်များအပေါ် အကျိုးသက်ရောက်မှု များ ကျန်ရှိနေသေးကြောင်းနှင့် ဇွန်လ ၆ ရက်နေ့အထိ လယ်ယာစိုက်ပျိုးမှုဧရိယာ ၁၇ဝ၄၆၉ ဟက်တာကို ထိခိုက်ခဲ့ပြီး ပီဆိုငွေ ၉.၈၉ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၆၈.၇၁ သန်းခန့်) ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်းဖြင့် သဘာဝဘေးအန္တရာယ်လျော့နည်းရေးနှင့
မိတ္ထီလာမြို့ဈေးကွက်အတွင်း၌ အိမ်ဆောက်ပစ္စည်းတစ်မျိုးဖြစ်သည့် အပါချီဘိလပ်မြေကို သာစည်မြို့နယ်၊ ပြည်ညောင်ရှိ ရွှေတောင်ဘိလပ်မြေစက်ရုံ၊ အယ်ဖာနှင့်ကြံ့နှစ်ကောင်ဘိလပ်မြေကို ကျောက်ဆည်မြို့ရှိ ဘိလပ်မြေစက်ရုံများမှ တိုက်ရိုက်မှာယူရောင်းချကြောင်း၊ တချို့မှာ ရွှေမေတ္တာ ကုမ္ပဏီမှ မှာယူရောင်းချကြောင်းသိရှိရပါသည်။ ဇွန်လ ဒုတိယပတ်အတွင်း ဈေးကွက်တွင်ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် (၈၆၀၀) ကျပ်၊ အပါချီ ဘိလပ်မြေတစ်အိတ်လျှင် (၈၈၀၀) ကျပ်၊ အယ်ဖာ ဘိလပ်
နွေနှမ်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် (၃၂၂၄၆)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၂၂၉၆၀)ဧက၊ မြစ်သားမြို့နယ်တွင် (၃၄၄၂၉)ဧက၊ စုစုပေါင်း (၈၉၆၃၅)ဧကစိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ နွေနှမ်းကို မတ်လတွင် စတင်စိုက်ပျိုးပြီး ယခုဇွန်လဆန်းမှစတင်၍ နွေနှမ်းများစတင်၍ ရိတ်သိမ်းလျက်ရှိကြောင်း နွေနှမ်းစိုက်ပျိုးမှု (၁)ဧကစိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၃၅၀၀၀၀/-)

ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းသီးသီးနှံကိုလည်း ရာသီမရွေး တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါသည်။ မျိုးအနေဖြင့် ခရမ်းသီးအလုံးသေး (မြုပ်ခရမ်း)နှင့် အလုံးကြီးမျိုး (555) မျိုးများကို အဓိကစိုက်ပျိုးကြပါသည်။ ခရမ်းသီးစိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်ပြီး တစ်လခွဲသားအရွယ်တွင် စိုက်ပျိုးရကြောင်း၊ (၂)လခွဲ၊ (၃)လအချိန်တွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး (၄)ရက်ခြားတစ်ကြိမ်ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်သည်မှ တစ်

ဖိလစ်ပိုင်နိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ ပြောကြားမှုအရ ဗီယက်နမ်နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ဆန်ကုန်သွယ်မှုသည် ရှေ့လာမည့် အနာဂတ် ကာလအထိ ဆက်လက်တည်ငြိမ် နေမည်ဟု သိရှိရသည်။
