Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
17 Jun 2024

     မိတ္ထီလာဈေးကွက်တွင် ဇွန်လ ဒုတိယပတ်အတွင်း ကြက်သွန်နီကို တာချီလိတ်သို့ ပိုမိုတင်ပို့နိုင်ကြောင်းသိရသည်။ ပုံမှန်အားဖြင့် ရန်ကုန်သို့ တစ်ပတ်လျှင် (၁၂) ဘီးကာ (၄/၅)စီးကို အခြားကုန်များနှင့်ရော၍ တင်ပို့နိုင်သော်လည်း ယခုအပတ်၌ (၂) စီးသာတင်ပို့ခဲ့ပါသည်။ ပဲခူးသို့ အခြားကုန်များရော၍ (၆) ဘီးကားတစ်ရက်လျှင် နှစ်စီးခန့်တင်ပို့နေပြီး၊ ယခင်အပတ်တွင် မော်လမြိုင်သို့ (၆) ဘီးကား (၆) စီးခန့်တင်ပို့နိုင်ခဲ့သော်လည်း၊ ယခုအပတ်တွင်မူ မိုးများသည့်အတွက် နှစ်စီးခန့်သာတင်ပို့နိုင်ပါသည်။ တာချီလိတ်သို့

17 Jun 2024

   ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးခရမ်းချဉ်သီးဈေးနှုန်းထပ်မံမြင့်တက် လာသော်လည်းမိုးရွာ၍ ကျွန်းမျောစိုက်ခင်းများပျက်စီးပြီး တောင်သူများ ထိခိုက်အရှုံးပေါ်နေကြောင်း အင်းလေးကန်ကျွန်းမျောစိုက်တောင်သူများထံမှ သိရသည်။ အင်းလေးမှ ညောင်ရွှေအရောက် ခရမ်းချဉ်သီးတစ်တင်းလျှင် ငွေကျပ် (၉၀၀၀၀) ပေါက်ဈေးရှိပြီး တစ်ပိဿာလျှင် (၃၅၀၀) ကျပ်ဈေးရှိပါသည်။

17 Jun 2024

      မိတ္ထီလာခရိုင်တွင် ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများနှင့် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်၊ ငရုတ်သီးနှံများ အများအပြားစိုက်ပျိုးသော ခရိုင်တစ်ခုဖြစ်ပါသည်။ ယခုအခါ သီးနှံများဖြစ်ထွန်းအောင်မြင်ရန် အသုံးပြုသည့်သွင်းအားစုမြေဩဇာဈေးများ ဈေးငြိမ်နေသည်ကိုတွေ့ရှိရပါသည်။ မေလတွင် GBS (50kg)  တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်၊ ရွှေတောင်ပုလဲ (50kg)  တစ်အိတ်လျှင် (၇၉၀၀၀) ကျပ်၊ အာမို (50kg)  တစ်အိတ်လျှင် (၁၅၃၀၀၀) ကျပ်၊ GBS ပုလဲ (50kg)  တစ်အိတ်လျှင် (၇၉၀၀၀) ကျပ်၊ ရွှေပွားပုလဲ (50kg)

17 Jun 2024

    မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မိတ္ထီလာကုန်စည်ဒိုင်တွင် ဆီထွက်သီးနှံများ၊ ပဲမျိုးစုံသီးနှံများ၊ ဝါသီးနှံများ၊ စားဖိုဆောင်သီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မိတ္ထီလာကုန်စည်ဒိုင်၌ ဇွန်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ဆီထွက်သီးနှံဈေးနှုန်းများမှာ  နှမ်း (ညို) တစ်တင်း လျှင် (၁၀၀၀၀၀-၁၀၂၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၂၀၀၀၀-၁၂၅၀၀၀) ကျပ်၊ နေကြာစေ့တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၄၅၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၃၅၀၀-၁၄၅၀၀) ကျပ်၊ နေကြာဆီတစ်ပိဿာလျှင်

17 Jun 2024

   ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ပထမ ၅ လအတွင်း ဗီယက်နမ်နိုင်ငံသို့ သီဟိုဠ်စေ့အကြမ်း တန်ချိန် ၆၆၇,၀၀၀ တင်ပို့ခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၃၇ ရာခိုင်နှုန်း တိုးလာကာ ပို့ကုန်ဝင်ငွေအမေရိကန်ဒေါ်လာ ၈၅၁ သန်းရရှိခဲ့ကြောင်း Vietnam News သတင်းဌာနက ဇွန်လ ၁၀ ရက်နေ့တွင် ဖော်ပြပါသည်။

Pages