Main menu

စိုက်ပျိုးရေးသုံး မြေဩဇာဈေးနှုန်းများ

Powered by Drupal

      မိတ္ထီလာခရိုင်တွင် ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများနှင့် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်၊ ငရုတ်သီးနှံများ အများအပြားစိုက်ပျိုးသော ခရိုင်တစ်ခုဖြစ်ပါသည်။ ယခုအခါ သီးနှံများဖြစ်ထွန်းအောင်မြင်ရန် အသုံးပြုသည့်သွင်းအားစုမြေဩဇာဈေးများ ဈေးငြိမ်နေသည်ကိုတွေ့ရှိရပါသည်။ မေလတွင် GBS (50kg)  တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်၊ ရွှေတောင်ပုလဲ (50kg)  တစ်အိတ်လျှင် (၇၉၀၀၀) ကျပ်၊ အာမို (50kg)  တစ်အိတ်လျှင် (၁၅၃၀၀၀) ကျပ်၊ GBS ပုလဲ (50kg)  တစ်အိတ်လျှင် (၇၉၀၀၀) ကျပ်၊ ရွှေပွားပုလဲ (50kg)  တစ်အိတ်လျှင် (၇၉၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဇွန်လတွင် GBS (50kg)  တစ်အိတ်လျှင် (၁၂၃၀၀၀) ကျပ်၊ ရွှေတောင်ပုလဲ (50kg)  တစ်အိတ်လျှင် (၈၇၀၀၀) ကျပ်၊ အာမို (50kg)  တစ်အိတ်လျှင် (၁၅၄၀၀၀) ကျပ်၊ GBS ပုလဲ (50kg)  တစ်အိတ်လျှင် (၈၇၀၀၀) ကျပ်၊ ရွှေပွားပုလဲ (50kg)  တစ်အိတ်လျှင် (၈၆၀၀၀) ကျပ်ဈေးနှုန်းရှိပြီး ယခင်လကာလတူဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ပါက မိုးဦးကျကာလ၌ တောင်သူများ မိုးသီးနှံအတွက် ဝယ်ယူမှုများခြင်း ကြောင့် မြေဩဇာဈေးနှုန်းများမြင့်တက်လာကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(မန္တလေး)