Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
17 Jun 2024

   ၁၄.၆.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

14 Jun 2024

၁၄.၆.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

14 Jun 2024

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ဗန်းမော်မြို့နယ်ရှိ ဒေသများတွင် စိုက်ပျိုးရေးခြံများနှင့် အိမ်ခြံဝန်းအတွင်း တနိုင်တပိုင်စိုက်ပျိုးထားသော လိုင်ချီးသီး(ဒေသအခေါ် တရုတ်ဇီးသီး/ လေချူသီး)များ မေလမှစတင်၍ ပေါ်ထွက်နေပြီးဖြစ်၍ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိနေပါသည်။ ကချင်ပြည်နယ်ဒေသများတွင် စိုက်ပျိုးထားသောလိုင်ချီးသီးများမှာ အခွံထူ အစေ့ကြီး အသားပါး အချဉ်ဓာတ်ကဲသောအမျိုးအစားနှင့် အခွံပါး အစေ့သေး အသားထူ ချိုမွှေးသောအမျိုးအစားဟူ၍ နှစ်မျိုးရှိပြီး ဝိုင်းမော

14 Jun 2024

    ကချင်ပြည်နယ်အတွင်း ဆီနေကြာများစိုက်ပျိုးရာတွင် ပြည်နယ်စိုက်ပျိုးမှု ကြီးကြပ်ရေးကော်မတီနှင့်  ခရိုင်စိုက်ပျိုးမှု ကြီးကြပ်ရေးကော်မတီမှ ဆီနေကြာစိုက်တောင်သူများအား ဆီနေကြာ မျိုးစေ့၊ သွင်းအားစုများ ပံ့ပိုးကူညီပေးလျက်ရှိသလို စိုက်ပျိုးနည်းပညာများလည်း ဖြန့်ဝေပေးလျက် ရှိပါသည်။ ကချင်ပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆီနေကြာစိုက်ဧက ၁၁၅၃၅ ဧကရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဆီနေကြာစိုက်ဧက ၁၂၆၈၂ ဧကအထိ တိုးချဲ့စိုက်ပျိုးခဲ့ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန၏ စာရင်းအရ သိရှိရပါသည်။

14 Jun 2024

      ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ခုနှစ်၏ ပထမ(၅)လတွင် ကားတာယာများကို ပြည်ပသို့ အံ့သြဖွယ်ပမာဏတင်ပို့နိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာနကထုတ်ပြန်သည့် အချက်အလက်များအရသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်ဒေါ်လာ ၃၀၈သန်းပမာဏရှိသည့် ကားတာယာများကိုတင်ပို့ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလတွင် အမေရိကန်ဒေါ်လာ ၁၀၁သန်းဖိုး တင်ပို့ခဲ့ခြင်းဖြစ်သောကြောင့် ရာခိုင်နှုန်းအားဖြင့် ၂၀၄ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။

Pages