Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
14 Jun 2024

    ၂၀၂၄ခုနှစ်၊ ပထမ(၅)လတာကာလတွင် တရုတ်နိုင်ငံ၏ကုန်ပစ္စည်းများ ကုန်သွယ်မှုပမာဏစုစုပေါင်းသည် ယွမ်၁၇.၅ဘီလီယံ(အမေရိကန်ဒေါ်လာ ၂.၄၆ထရီလီယံ)ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် ပထမ(၅)လတာကာလထက် ၆.၃ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း တရားဝင်အချက်အလက်များ၏ ဖော်ပြချက်အရသိရပါသည်။ ပြည်ပသို့တင်ပို့မှုပမာဏမှာ ယွမ်၉.၉၅ထရီလီယံဖြင့် ၆.၁ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ပြည်တွင်းသို့တင်သွင်းမှုမှာ ယွမ်၇.၅၅ထရီလီယံဖြင့် ၆.၄ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအဖွဲ့၏ ကိန်းဂဏန်းအချ

14 Jun 2024

     နှစ်နိုင်ငံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးနှင့် မိတ်ဖက်ဆက်ဆံရေးကို တိုးမြင့်ရန်သဘောတူညီခဲ့ကြပြီး ရလဒ်ကောင်းများရရှိနိုင်ရန် တရုတ်ဝန်ကြီးချုပ် Li Qiang နှင့် ပါကစ္စတန်ဝန်ကြီးချုပ် Shebbaz Sharif တို့သည် ဘေကျင်းမြို့တွင် ဇွန်လ ၈ရက်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

14 Jun 2024

      စုံပဒက်သီးသည် မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီကမ်းရိုးတန်းတလျှောက် မြိတ်၊ ထားဝယ်နှင့် မွန်ပြည်နယ်တို့တွင် ပေါများစွာ ထွက်ရှိသော အသီးတစ်မျိုးဖြစ်သည်။

      မွန်ပြည်နယ်မှထွက်ရှိသည့် စုံပဒက်သီးများသည် ဒေသမျိုးများဖြစ်၍ အသီး၏ အပြင်ပုံသဏ္ဍာန်အမွှာအရောင်မှာ ပိန္နဲသီးနှင့်ဆင်တူပြီး အသီးအရွယ်အစားမှာ အလုံးကြီး၍ အလုံးရှည်အသီးမျိုးဖြစ်သည်။ အနံ့အလွန်မွှေးပြီး ဒူးရင်းသီးအနံ့နှင့် ဆင်တူသော အသီးတစ်မျိုးဖြစ်သည်။

14 Jun 2024

    ဘီးလင်းမြို့နယ်၏ ကာလရှည်သီးနှံတစ်မျိုးဖြစ်သည့် ရာသီပေါ် ကြက်မောက်သီးများ ထွက်ရှိကာ ယခင်နှစ်များထက် ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။ ဘီးလင်းမြို့နယ် ဆင်စုကျေးရွာ၊ ကျောက်ရေတွင်းကျေးရွာတို့တွင် ကြက်မောက်ပင်များကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသည်။ ကြက်မောက်ပင်များကို စိုက်ပျိုးပြီး (၃) နှစ်ခန့်အကြာတွင် စတင် အသီးသီး၍ ခူးယူရရှိနိုင်ပြီး အခြားနှစ်ရှည်ပင်များထက် စိုက်ပျိုးစရိတ် အကုန်အကျ သက်သာပြီး အကြမ်းခံသော သီးနှံပင်မျိုးဖြစ်သောကြောင့် စိုက်ပျိုးရန်သင့်တော်ကြ

14 Jun 2024

     ကိုလံဘီယာသမ္မတ Gustavo Petro က ဂါဇာတွင်ဖြစ်ပွားနေသော စစ်ပွဲကြောင့် အစ္စရေးသို့ ကျောက်မီးသွေးတင်ပို့မှုကို ဆိုင်းငံထားမည်ဟု ၂၀၂၄ခုနှစ်၊ ဇွန်လ ၈ရက်နေ့ (စနေနေ့) တွင်ကြေညာခဲ့သည်။

Pages