Main menu

မွန်ပြည်နယ်ဒေသထွက် စုံပဒက်သီးများ အရောင်းသွက်နေ

Powered by Drupal

      စုံပဒက်သီးသည် မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီကမ်းရိုးတန်းတလျှောက် မြိတ်၊ ထားဝယ်နှင့် မွန်ပြည်နယ်တို့တွင် ပေါများစွာ ထွက်ရှိသော အသီးတစ်မျိုးဖြစ်သည်။

      မွန်ပြည်နယ်မှထွက်ရှိသည့် စုံပဒက်သီးများသည် ဒေသမျိုးများဖြစ်၍ အသီး၏ အပြင်ပုံသဏ္ဍာန်အမွှာအရောင်မှာ ပိန္နဲသီးနှင့်ဆင်တူပြီး အသီးအရွယ်အစားမှာ အလုံးကြီး၍ အလုံးရှည်အသီးမျိုးဖြစ်သည်။ အနံ့အလွန်မွှေးပြီး ဒူးရင်းသီးအနံ့နှင့် ဆင်တူသော အသီးတစ်မျိုးဖြစ်သည်။

     စုံပဒက်သီးသည် မိုးရာသီတွင် ထွက်ရှိပြီး ဇွန်၊ ဇူလိုင်လများတွင် လှိုင်လှိုင်ထွက်ရှိသည်။ ယခုဇွန်လတွင် မော်လမြိုင်သစ်သီးဆိုင်တန်းများ၌ စုံပဒက်သီးများမှာ တစ်လုံးလျှင် ကျပ် ၆၀၀၀ မှ ကျပ် ၁၀၀၀၀ ထိရရှိကြောင်း သိရသည်။ မွန်ပြည်နယ်ထွက် စုံပဒက်သီးများကို ပဲခူး၊ ရန်ကုန်၊ နေပြည်တော်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သစ်သီးဝလံရောင်းချသူများထံ သိရသည်။

DOCA(မွန်)