Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
13 Jun 2024

     ကရင်ပြည်နယ်၊ ဘားအံမြို့ ရေပေါ်ဈေးတွင် ရောင်းချလျက်ရှိသော ကြက်ဥ / ဘဲဥ ဈေးနှုန်းများမှာ ဘဲဥကြီးထိပ်စတစ်လုံး- ၄၂၀/- ကျပ်၊ အလတ်စတစ်လုံး -၄၀၀/-ကျပ်ဖြစ်ကြောင်းနှင့် ကြက်ဥထိပ်စ  တစ်လုံးလျှင်- ၃၅၀/-ကျပ်၊ အလတ်စတစ်လုံး- ၃၃၀/-ကျပ် ဖြစ်ကြောင်းသိရသည်။

13 Jun 2024

     ကရင်ပြည်နယ်အတွင်း ၂၀၂၄ခုနှစ်၊ ဇွန်လ ပထမအပတ်အတွင်း ဘားအံမြို့ရေပေါ်ဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ ထိပ်စ (၁)ပိဿာလျှင် (၂၅၀၀)ကျပ်၊ အလတ်စ (၁)ပိဿာလျှင် (၂၄၀၀)ကျပ်၊ အငယ်စ (၁)ပိဿာလျှင် (၂၃၀၀)ကျပ်၊ ဥသေး (၁)ပိဿာလျှင် (၁၉၀၀)ကျပ်ဖြင့်လက်လီအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် အိတ်ဆွဲအနေဖြင့် (၁၀)ပိဿာလျှင် (၁၀၀)ကျပ်ခန့် ဈေးလျော့နည်း‌ကြောင်း သိရသည်။

13 Jun 2024

   မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် ပြည်နယ်ဆီကုန်သည်များအသင်းသည် ပြည်သူများထံ သက်သာ‌သောဈေးနှုန်းဖြင့် စားအုန်းဆီများကို ၁၁-၆-၂၀၂၄ ရက်နေ့တွင် ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၌ ရောင်းချပေးခဲ့ကြောင်းသိရှိရသည်။

13 Jun 2024

     ၂၀၂၄ခုနှစ်၊ ဇွန်လ ၅ရက်နေ့တွင်  အင်္ဂပူမြို့နယ်၊ တလိုင်းကွင်းကျေးရွာရှိ တောင်သူ ဦးမြင့်နိုင်၏ နယူးဧရာ(၁) စပါးမျိုးစိုက်ပျိုးထားသော လယ်(၁၂)ဧက၌ စံကွက်ရိတ်သိမ်းပွဲဆောင်ရွက်ခဲ့ပါသည်။

13 Jun 2024

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ  ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘို၊ ရေဦးနှင့် မုံရွာခရိုင်များ၌ စပါး၊ ဆန်ဈေးနှုန်းများမှာ ယခင်အပတ်များအတိုင်း ဈေးအေးနေသော်လည်း ကသာခရိုင်(အင်းတော်မြို့နယ်)၌ ဧရာမင်း(စပါး)(သစ်)  တင်း၁၀၀ဈေးနှုန်းမှာ ယခင် မေလ စတုတ္ထပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်မြင့်တက်နေကြောင်းသိရှိရပါသည်။

Pages