ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ဘွဲ့ကျေးရွာအုပ်စုရှိ ဇီးတောကျေးရွာတွင် မိုးနှမ်းကို ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် ၂၀၂၄ခုနှစ်၊ မေလ(စတုတ္ထပတ်)မှ စတင်၍ တောင်သူ(၁၅၀)ဦးမှ စိုက်ဧက(၁)ထောင်ကျော်ခန့် စိုက်ပျိုးထားကြောင်း သိရပါသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ထနောင်းဇင်အုပ်စုရှိ သဲကန်ကျေးရွာတွင် ရာသီအလိုက် ကုလားပဲ၊ မြေပဲ၊ နှမ်းနှင့် စပါးတို့ကိုအဓိကထားစိုက်ပျိုးပြီး မိုးနှမ်းကို ၂၀၂၄ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် စတင်စိုက်ပျိုးထားပြီး နှမ်းနီနှင့်နှမ်းဖြူမျိုးကို အများဆုံးစိုက်ပျိုးကြောင်း သိရပါသည်။

မေလ (စတုတ္ထပတ်) တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၀၀၀၀၊ မန္တလေးသို့ အိတ်ရေ ၃၂၅၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၅၀၀၊ မွန်သို့ အိတ်ရေ ၇၇၈၀၊ ကချင်သို့ အိတ်ရေ ၄၇၀၀၊ ပခုက္ကူသို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်းအိတ်ရေ (၈၄၉၈၀) အိတ်၊ တန်အားဖြင့် (၄၂၄၉) တန်စီးထွက်ခဲ့ပြီး ယခု ဇွန်လ (ပထမပတ်) တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၁၀၀၀၊ မန္တလေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဒေသထွက်အရန်ဟင်းဖြစ်သည့် လက်လုပ်ချဉ်အမျိုးမျိုးကိုရောင်းချပြီး မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရှာသည့်လုပ်ငန်းများလုပ်ကိုင်လျက်ရှိသည့်အနက် ပဲတီစိမ်းပင်ပေါက်ချဉ်ကို အဓိကထားလုပ်ကိုင်လျက်ရှိကြောင်းသိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ပုသိမ်မြို့နယ်ရှိ ဒေသခံပြည်သူများသည် လယ်ယာလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သည့်အပြင် မိမိတို့၏ ဥယျာဉ်ခြံမြေများတွင် နှစ်ရှည်သီးနှံဖြစ်သည့် သံပုရာပင်များလည်း စိုက်ပျိုးထားလျက်ရှိပြီး သံပုရာပင်များ အသီးသီး ရင့်ချိန်တွင် စျေးကောင်းရရှိ၍ စိုက်ပျိုးတောင်သူများ အကျိုးအမြတ် ပိုမိုရရှိကာ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
