ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၏ ဟင်းသီးဟင်းရွက်သစ်သီးဝလံဈေးကွက်တွင် မိုးဦးကျကာလ မေလ၊ ဇွန်လတို့၌သာတွေ့ရှိရသော ရာသီစာတစ်မျိုးဖြစ်သည့်အင်ဥများ ရောင်းချလာကြောင်း တွေ့ရှိရပါသည်။ မကွေးတိုင်းဒေသကြီးတွင် မင်းတုန်း၊ ငဖဲ၊ ပဒါန်းအနီးပတ်ဝန်းကျင်ရှိရွာများ၌ အလေ့ကျပေါက်ရောက်လေ့ရှိကာ တစ်နှစ်ပတ်လုံးတွင် တစ်ကြိမ်တည်းသာတွေ့ရှိရပြီး ယေဘုယျအားဖြင့် မိုးမှန်စပြုချိန်တွင် တွေ့ရလေ့ရှိကြောင်းသိရပါသည်။ အင်ဥများကို ခြောက်သွေ့သောနေရာတွင်ထားပါက ၃ရက်နီးပါးအထားခံကြောင်းသိရှိရပါသည်။ အ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိဈေးများတွင် ခရမ်းချဉ်သီးကို ဒေသထွက် ခရမ်းချဉ်သီးများအပြင် ရှမ်းပြည်နယ်၊ အောင်ပန်းနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့များမှ အဓိကမှာယူရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ နတ်မောက်မြို့တို့မှထွက်ရှိသော ပဲစင်းငုံ(နီ)၊ မတ်ပဲ၊ ကုလားပဲအမျိုးမျိုး၊ ပဲကြီး၊ စားတော်ပဲ၊ နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

၁၁.၆.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသ
ခဝဲသီးသည် မြန်မာနိုင်ငံ၌ အမျိုးအစား (၂) မျိုးရှိပြီး တစ်မျိုးမှာ အပုမျိုးဖြစ်ပြီး ၅ – ၆ လက်မခန့်ရှည်ကာ ဒုတိယမျိုးမှာ အရှည်မျိုးဖြစ်ပြီး တစ်ပေခန့်ရှည်ပြီး နွယ်ပင်ကဲ့သို့ လိမ်ယှက်၍ ပေါက်တတ်သည်။ ခဝဲသီးသည် လတ်ဆတ်နေချိန်၌ အစိမ်းရင့်ရောင် ရှိတက်ပြီး သခွားသီးကဲ့သို့ လုံးချောမဟုတ်ဘဲ စောင်းပါရှိကာ အရည်ရွှမ်း၍ပွပြီး အစေ့မှာ သခွားစေ့နှင့် တူသည်။ အပွင့်မှာ အဝါရောင်ရှိသည်။ ခဝဲစေ့ကို တိုက်ရိုက်အစေ့ချစနစ် စိုက်ပျိုး၍ရသလို ပေါင်တင်ပြီး စိုက်ပျိုး၍လည်းရသည်။ ခဝဲပင်ကို မြေဩဇာကောင်းသောန
