ကုန်သွယ်မှုသတင်းများ
၁၀.၆.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
၁၀.၆.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် လျှော်ကုန်းကျေးရွာအုပ်စုနေ တောင်သူ ဦးအောင်ကျော်မင်း၏ လယ်မြေတွင် မိုးစပါးမစိုက်ပျိုးမီ မြေဩဇာပင်ဖြစ်သော ပိုက်ဆံလျှော်ကို စိုက်ပျိုးပါသည်၊၊
ပိုက်ဆံလျှော်စိုက်ပျိုးနည်းမှာ အရိုင်းမြေကို ထွန်ယက်၍ မျိုးစေ့ကို ကြဲထားရကြောင်း၊ မိုးစပါးများကို မစိုက်ပျိုးမီ(၁)ရက်ခန့်အလိုတွင် တစ်လသားအရွယ်ရောက်သောအခါ ပိုက်ဆံလျှော် အပင်များကို လှဲပစ်၍ အပုပ်ခံထားခြင်းဖြင့် မြေဩဇာကောင်းကိုရရှိစေပါသည်၊၊

၂၀၂၄ ခုနှစ်ပထမလေးလတွင် ထုတ်လုပ်မှုလျှော့ကျခဲ့သော်လည်း ထိုင်းနိုင်ငံမော်တော် ဆိုင်ကယ်ထုတ်လုပ်မှုပမာဏသည် ယခုနှစ်အတွက်ရည်မှန်းချက်ဖြစ်သည့်အစီးရေ (၂.၁၂)သန်း ကို ရောက်ရှိရန်မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံစက်မှုလုပ်ငန်းအဖွဲ့ချုပ်(FTI) ပြောကြားခဲ့ပါသည်။ နိုင်ငံတွင် အိမ်ထောင်စုအကြွေးနှုန်းမြင့်တက်လာမှုကြောင့် ဘဏ်များမှာငွေချေးရာတွင် ပိုမိုစိစစ်လာမှုကြောင့် ကားထုတ်လုပ်သူများကဲ့သို့ မော်တော်ဆိုင်ကယ်ထုတ်လုပ်သူများမှာ စားသုံးသူများ၏ ဝယ်ယူနိုင်စွမ်းအားနည်းသည့်ပြသနာနှင့် ရင်ဆိုင်နေ

ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul သည် ပြည်တွင်းမှ ဆန်တင်ပို့သူများကို အမေရိကန်ဈေးကွက်ရှာဖွေရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးသည် အမေရိကန်နိုင်ငံ Otis Mcallister ကုမ္ပဏီမှ ကမ္ဘာလုံး ဆန်နှင့်ကောက်ပဲ သီးနှံရင်းမြစ်ရှာဖွေရေး ဒုတိယဥက္ကဌ Patrick Murphy၊ ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများနှင့်အတူပြုလုပ်သည့် ကမ္ဘောဒီးယားမှဆန်များကို အမေရိကန်ဈေးကွက်သို့ ပိုမို ပို့ဆောင်နိုင်မည့် ဖြစ်နိုင်ချေများကို ဆွေးနွေးသည့်
