Main menu

မြေဩဇာတစ်မျိုးဖြစ်သော ပိုက်ဆံလျှော် စိုက်ပျိုးခြင်း

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် လျှော်ကုန်းကျေးရွာအုပ်စုနေ တောင်သူ ဦးအောင်ကျော်မင်း၏ လယ်မြေတွင် မိုးစပါးမစိုက်ပျိုးမီ မြေဩဇာပင်ဖြစ်သော ပိုက်ဆံလျှော်ကို စိုက်ပျိုးပါသည်၊၊

          ပိုက်ဆံလျှော်စိုက်ပျိုးနည်းမှာ အရိုင်းမြေကို ထွန်ယက်၍ မျိုးစေ့ကို ကြဲထားရကြောင်း၊ မိုးစပါးများကို မစိုက်ပျိုးမီ(၁)ရက်ခန့်အလိုတွင် တစ်လသားအရွယ်ရောက်သောအခါ ပိုက်ဆံလျှော် အပင်များကို လှဲပစ်၍ အပုပ်ခံထားခြင်းဖြင့် မြေဩဇာကောင်းကိုရရှိစေပါသည်၊၊

          ပိုက်ဆံလျှော်ပင်များသည် မြေချဉ်များကို ပြုပြင်ပေးသော အပင်တစ်မျိုးဖြစ်ပြီး အပြင် မြေဩဇာကောင်းမွန်စေခြင်းကြောင့် စပါးအထွက်နှုန်းကိုလည်း တိုးစေကြောင်း တောင်သူ ပြောကြားချက်အရ သိရပါသည်၊၊

DOCA(ဧရာဝတီ)