ကုန်သွယ်မှုသတင်းများ
ဒတ်ချ်နိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ရေးဆွဲထုတ်လုပ်သည့် NXPကုမ္ပဏီနှင့် ထိုင်ဝမ် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သော TSMC ကုမ္ပဏီ၏ကျောထောက်နောက်ခံပြု Vanguard International တို့သည်မော်တော်ယာဥ်၊ စက်မှုလုပ်ငန်း၊ လူသုံးကုန်နှင့်မိုဘိုင်းကုန် စျေးကွက်များ ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၇.၈ဘီလီယံတန်ဖိုးရှိသော တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုစက်ရုံကို စင်ကာပူနိုင်ငံတွင် တည်ဆောက်ရန် ဖက်စပ်ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း ကုမ္ပဏီများက ဇွန်လ ၅ ရက်နေ့ (ဗုဒ

ဗီယက်နမ်နိုင်ငံသည် ဇန်နဝါရီလမှ မေလအတွင်း အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုး ပမာဏရှိသည့် ရေထွက်ကုန်များကို ပြည်ပသို့တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၆.၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဗီယက်နမ်နိုင်ငံ ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) အဆိုအရ သိရပါသည်။ အဆိုပါကာလအတွင်း တူနာငါးတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃၉၇ သန်း ပမာဏရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် လွန်ခဲ့သည့်နှစ် တူညီသည့် ကာလထက် ၂၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တူနာဈေးကွက်ကျွ

ရုရှားနိုင်ငံသည် PPP (Purchasing Power Parity) သတ်မှတ်ချက်အရ ဂျပန်နိုင်ငံကို ကျော်တက်ကာ ကမ္ဘာ့စတုတ္တအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်လာကြောင်း ဇွန်လအစတွင်ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်မှပြန်လည်ပြင်ဆင်ထားသော အချက်အလက်များအရ သိရသည်။

အင်ဒိုနီးရှား၏ စိုက်ပျိုးရေးဝန်ကြီးဌာန၏ စိုက်ပျိုးရေးတိုးချဲ့ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (BPPSDMP) အကြီးအကဲ Dedi Nursyamsi က ၂၀၂၃ ခုနှစ်၏ ရှည်လျားလှသော ခြောက်သွေ့သောရာသီဥတုအခြေအနေများကြောင့် ဆန်ထုတ်လုပ်မှုလျော့ကျသွားကြောင်း ဇွန်လ ၆ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ထောက်ပြခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးတန်း၌ မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များလည်း ရောင်းချလျက်ရှိသည်။ မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များကို အိမ်ရှင်မများက အိမ်သုံးအတွက်ဝယ်ယူကြသလို စားသောက်ဆိုင်များမှ ဓိကဝယ်ယူကြောင်း သိရှိရသည်။
