Main menu

ကန့်ဘလူခရိုင်တွင် မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များ ဈေးနှုန်းမြင့်တက်

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးတန်း၌ မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များလည်း ရောင်းချလျက်ရှိသည်။ မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များကို အိမ်ရှင်မများက အိမ်သုံးအတွက်ဝယ်ယူကြသလို စားသောက်ဆိုင်များမှ ဓိကဝယ်ယူကြောင်း သိရှိရသည်။

    ၂၀၂၄ခုနှစ် ဇွန်လပထမအတွင်း ကန့်ဘလူခရိုင်တွင်  မုန်လာထုပ်နှင့်ပန်းမုံလာပွင့်များ အထွက် နည်းလာသည့်အတွက် မန္တလေးမြို့မှ ဝယ်ယူရောင်းချရကြောင်း၊ ဈေးနှုန်းအနေဖြင့် မုန်လာထုပ် တစ်ထုပ်လျှင် ၄၀၀၀ ကျပ်မှ ၄၅၀၀ ကျပ်၊ ပန်းမုံလာတစ်ပွင့်လျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊  မုန်လာထုပ်နှင့်ပန်းမုံလာပွင့်များ အဝင်နည်းသည့်အတွက် ယခင်မေလ ဈေးနှုန်းနှင့်နှိုင်းယှဉ်မည်ဆိုပါက မုန်လာထုပ်မှာဈေးနှုန်းမြင့်တက်လာကြောင်း ဟင်းသီးဟင်းရွက် ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)