ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့် မိုးနှမ်းကို မေလနှင့် ဇွန်လတို့တွင် စိုက်ပျိုးပြီး ဆောင်းနှမ်းကို ဒီဇင်ဘာလနှင့် ဇန်နဝါရီလတွင် စိုက်ပျိုးကြကာ နွေနှမ်းကိုမူ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် စိုက်ပျိုးကြပါသည်။ ပြည်မြို့အနီးတဝိုက်ရှိကျေးရွာများရှိ မိုးနှမ်းစိုက်ပျိုးသော တောင်သူများအနေဖြင့် ယခုအချိန်ဖြစ်သော ဇွန်လတွင် မိုးနှမ်းများစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ဖြစ်သော ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးနှမ်းစိုက်ပျိုးဧကမှာ ၆၆၃၇၁ဧကစိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကအ

၂၀၂၄ခုနှစ် ဇွန်လအစပိုင်းတွင် တောင်ငူမြို့တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်မှ ၁၅၀၀၀၀ကျပ်အထိ၊ ဒေသပေါ်ဆန်းတစ်အိတ်လျှင် ၁၂၅၀၀၀ကျပ်၊ ဧည့်မထ(မိုး) တစ်အိတ်လျှင် ၈၇၀၀၀ကျပ်မှ ၉၀၀၀၀ကျပ်၊ ဧည့်မထ(နွေ)ဆန်မှာ တစ်အိတ်လျှင် ၇၀၀၀၀ကျပ်မှ ၇၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

ယခုကဲ့သို့သော မိုးဦးကျကာလတွင် ကျေးလက်ဒေသများ၌ နေအိမ်များ၊ နွားတင်းကုပ်များ၊ ထင်းတဲများအား အမိုးများမိုးကြပါသည်။ အများအားဖြင့် မိုးဦး/ လေဦးကျတွင် ယခင်နှစ်မှမိုးထားသော အမိုးများအား အသစ်ပြန်၍မိုးကြခြင်းဖြစ်ပါသည်။
ဖြူးမြို့ရှိ ဒေသတွင်းကျေးလက်ဒေသများ၌ အများအားဖြင့် ခေါင်းမိုးမိုးရာတွင် တောင်ထန်းအား အဓိကထား၍မိုးကြပါသည်။ ထို့ကြောင့် ယခုကာလသည် တောင်ထန်းများ အရောင်းသွက်သောကာလဖြစ်ပါသည်။

တောင်ငူမြို့ ညောင်ပင်ဈေးတွင် ရာသီပေါ်ခဝဲသီးများဈေးကောင်းရနေပါသည်။ တောင်ငူမြို့တွင် စစ်တောင်းမြစ်နှင့် ခပေါင်းချောင်းများတည်ရှိသဖြင့် မြစ်၊ ချောင်းကမ်းနံဘေးရှိ ကျေးရွာ များတွင် ဟင်းသီးဟင်းရွက်များကိုတစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။

တောင်ငူမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ ဈေးလမ်းရှိ “ထက်” ဆိုင်ကယ်အရောင်းဆိုင်တွင် ကျောင်းဖွင့်ရာသီ၌ ဆိုင်ကယ်များရောင်းအားကောင်းကြောင်းသိရပါသည်။ ယခင်ကာလများတွင် အရောင်းပါးခဲ့သော်လည်း မေလအတွင်းနှင့်ဇွန်လအစပိုင်းအထိ ရောင်းအားအကောင်းဆုံးဖြစ်ပါသည်။
