![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/6_26.jpg?itok=zTJaCtC0)
တောင်ငူမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ ဈေးလမ်းရှိ “ထက်” ဆိုင်ကယ်အရောင်းဆိုင်တွင် ကျောင်းဖွင့်ရာသီ၌ ဆိုင်ကယ်များရောင်းအားကောင်းကြောင်းသိရပါသည်။ ယခင်ကာလများတွင် အရောင်းပါးခဲ့သော်လည်း မေလအတွင်းနှင့်ဇွန်လအစပိုင်းအထိ ရောင်းအားအကောင်းဆုံးဖြစ်ပါသည်။
၂၀၂၄ခုနှစ် ဇွန်လအစပိုင်းတွင် ဈေးနှုန်းများအနေဖြင့် တောင်ငူမြို့တွင် လူကြိုက်များသော NCX Wave 100 ဆိုင်ကယ်မှာ တစ်စီးလျှင် ကျပ်၂၅သိန်းမှ ကျပ်၃၅သိန်းအထိရှိပြီး 125 ကလစ်ဆိုင်ကယ်မှာ တစ်စီးလျှင် ကျပ်သိန်း၅၀မှ ကျပ်သိန်း၇၀အထိရှိပါသည်။
ကျောင်းဖွင့်ရာသီတွင် ကျောင်းသား/ ကျောင်းသူများအား ကျောင်းပို့/ ကျောင်းကြိုအတွက် ဆိုင်ကယ်မှာ အသင့်လျော်ဆုံးဖြစ်ရာ ဈေးနှုန်းမြင့်မားသော်လည်း အခြားကာလများထက် ပိုမို၍ တစ်လအတွင်း ဆိုင်ကယ်အစီး ၅၀အထိရောင်းချရကြောင်းသိရှိပါသည်။
DOCA(ပဲခူး)