ကုန်သွယ်မှုသတင်းများ
ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းဒေသတွင် ယခုအပတ်၏ ပြောင်းသီးနှံမှာ ၁၁၅၀ကျပ်နှင့် ၁၂၀၀ကျပ်ဖြစ်၍ အဆွဲအနည်းငယ်သွက်လာပါသည်။ ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး၁- ၁၀၀၀၀ကျပ်၊ ထူး၂- ၁၀၅၀၀ကျပ်၊ ထူး၃- ၁၁၀၀၀ကျပ်၊ ထူး၄- ၁၁၅၀၀ကျပ်၊ ထူး၅- ၁၂၀၀၀ကျပ်၊ ထူးလွန်- ၁၂၅၀၀ကျပ်နှင့် ဥတစ်လုံးအကြီးဆိုဒ်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်အထိဈေးပေါက်နေပြီး ဈေးကောင်းရသဖြင့် တောင်သူအရောင်းသွက်ကာ ဈေးနှုန်းမြင့်တက်လာပါသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ပထမပတ်သည် သီးနှံပေါင်းစုံတောင်သူလက်ကျန်ပါးနေပြီး ကုန်စည်ဝင်ရောက်မှု နည်းပါးချိန်ဖြစ်ပေသည်။ နှစ်စဉ်မေလနှင့် ဇွန်လများတွင် ကုန်စည်ဝင်ရောက်မှုနှင့် ဈေးကွက်လိုအပ်ချက်မမျှတဘဲ သီးနှံဈေးနှုန်းများ အတက်အကျများပြီး ကုန်သည်ပွဲစားနှင့်တောင်သူများ အရှုံး၊အမြတ်ကြီးမားသည့်ကာလဖြစ်ပေသည်။ ယခုတစ်ပတ် ပြောင်းသီးနှံမှာ ရပ်စောက်ဘက်တွင် ဝယ်ဈေး ၁၀၀၀ ခန့်ဈေးဖွင့်ထားပါသည်။ တောင်လေးလုံး၊ အောင်ပန်း တစ်ဝိုက်တွင် ၁၁၁၅ ခန့်ဈေးပေါက်နေပြီး ပြည်တွင်းစီးဆင်းမှု နည်းပါးနေပါသည်။ ရှမ်းတော

မွန်ပြည်နယ်တွင် မြေပဲကို သံလွင်မြစ်ကမ်းတစ်လျှောက် လယ်ကွက်များ၌ စိုက်ပျိုးလေ့ရှိကြသည်။ မြေပဲကို မိုးအခါ၌လည်းကောင်း၊ ဆောင်းအခါ၌လည်းကောင်း စိုက်ပျိုးကြသည်။ မိုးမြေပဲကို ကုန်းမြေအမြင့်များတွင်စိုက်ပျိုးကြပြီး ဆောင်းမြေပဲကို လယ်ကွက်များ၌ စိုက်ပျိုးကြသည်။

ယခုနှစ် မိုးဦးကာလတွင် မွန်ပြည်နယ်ထွက် နာနတ်သီးများ ဈေးကွက်အတွင်း အရောင်းအဝယ်သွက်နေကြောင်း မော်လမြိုင်မြို့နယ်ရှိ သစ်သီးဝလံရောင်းချသူများထံမှ သိရှိရသည်။

သစ်တော်သီးသည် အခွံညိုညိုတွင် အညိုရင့်အစက်များပါရှိပြီး အလယ်ချက်တိုင်နှင့် အတွင်းသားတို့မှာ ဖြူကြွပ်ကြွပ်ရှိပါသည်။ သစ်တော်သီးသည် မိုးရာသီစာသစ်သီးဝလံတစ်မျိုးဖြစ်ပြီး မြန်မာပြည်ရာသီဥတု၏ မိုးလယ်ကာလမှစ၍ ဆောင်းဦးရာသီအထိတွေ့ရပါသည်။
