![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/မြေပဲ_25.jpg?itok=2iSA4BiF)
မွန်ပြည်နယ်တွင် မြေပဲကို သံလွင်မြစ်ကမ်းတစ်လျှောက် လယ်ကွက်များ၌ စိုက်ပျိုးလေ့ရှိကြသည်။ မြေပဲကို မိုးအခါ၌လည်းကောင်း၊ ဆောင်းအခါ၌လည်းကောင်း စိုက်ပျိုးကြသည်။ မိုးမြေပဲကို ကုန်းမြေအမြင့်များတွင်စိုက်ပျိုးကြပြီး ဆောင်းမြေပဲကို လယ်ကွက်များ၌ စိုက်ပျိုးကြသည်။
မွန်ပြည်နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ မြေပဲစိုက်ဧကမှာ (၂၀၀၄၈) ဧကရှိပြီး၊ ရိတ်သိမ်းဧကမှာ (၂၀၀၄၈) ဧက၊ အထွက်နှုန်းမှာ (၆၂.၀၉) တင်းနှုန်းဖြင့် တင်းပေါင်း (၁၂၄၄၇၈) တင်း ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။ မြေပဲ တစ်ဧက ထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၇၇၅၀၀၀) ကျပ်ရှိပြီး၊ တစ်ဧကအထွက်နှုန်းမှာ မြေပဲအတောင့် (၆၂.၀၉) တင်း၊ မြေပဲအဆံအားဖြင့် (၁၉) တင်း ထွက်ရှိသည်။ ဈေးနှုန်းအနေဖြင့် မြေပဲအဆံတစ်တင်းလျှင် ကျပ် (၁၄၂၀၀၀) ပေါက်ဈေးရှိရာ တစ်ဧက အကျိုးအမြတ်အနေဖြင့် (၁၉၂၃၀၀၀) ကျပ်ရရှိကြောင်း သိရသည်။
DOCA(မွန်)