Main menu

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော နှမ်းနက်၊ နှမ်းဖြူနှင့် နေကြာ သီးနှံဈေးနှုန်း အခြေအနေ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ အဓိကစိုက်ပျိုးသီးနှံများဖြစ်သည့် နှမ်း၊ နေကြာ စသည့် ဆီထွက်သီးနှံ များကို တောက္ကရှပ်ကျေးရွာ၊ ဆိပ်ဖူးမြောင်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။

          ယခုဒုတိယပတ်အတွင်း နှမ်းနက်တစ်တင်းလျှင် ကျပ် ၁၆၅၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၁၁၃၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ပထမပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ် ပါက နှမ်းနက်နှင့် နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၅၀၀၀ ဈေးနှုန်းကျဆင်းသွားကြောင်း၊ ကန့်ဘလူမြို့ နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဈေးနှုန်းများမှာ မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များ အဖွင့်ဈေးနှင့် ဝယ်လိုအားအပေါ်မူတည်၍ အတက်/အကျဖြစ်လျက်ရှိကြောင်း သိရသည်။

     ယခုမိုးရာသီအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မိုးနေကြာ စိုက်ဧက (၅၀၀)ကျော်စိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။ ယခုဒုတိယ ပတ်အတွင်း နေကြာတစ်တင်းလျှင် ကျပ် ၅၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက သီးနှံပေါ်စဖြစ်၍ နေကြာတစ်တင်းလျှင် ကျပ် ၇၀၀၀ ဈေးနှုန်းမြင့် တက်လာသည့်အတွက် စိုက်ပျိုးတောင်သူများအတွက် အကျိုးအမြတ်ပိုမိုရရှိကြောင်း ဒေသတွင်း ပွဲရုံ လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)