Main menu

ငရုတ်သီး၏ အသုံးဝင်ပုံနှင့် မြိတ်မြို့ရှိ ငရုတ်သီးခြောက်စျေးနှုန်း

Powered by Drupal

          ငရုတ်သီးအစိမ်းကို ငပိ၊ သံပုရာသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ပါဝင်သော ငပိရည်နှင့် ငပိထောင်းပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုကြပါသည်။ ငါးဟင်း၊ အသားဟင်း၊ ဟင်းသီးဟင်းရွက်ကြော်လှော်ချက်ပြုတ်ခြင်းနှင့် ဟင်းရည်များချက်ပြုတ်ရာတွင်လည်းကောင်း လက်ဖက်သုပ်၊ သင်္ဘောသီးသုပ်အစရှိသည့် အသုပ်အမျိုးမျိုးနှင့် ဟင်းချက်ရာတွင်အစပ်အရသာရှိစေရန် စားသုံးကြပါသည်။ ငရုတ်သီးအစိမ်းမှ ငရုတ်သီးအခြောက်၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးဆော့စ်၊ ငရုတ်ဆီ စသည်တို့ဖြင့် အမျိုးမျိုးပြုပြင်ထုတ်လုပ်ကြပြီး စျေးဆိုင်များနှင့် market များတွင် ရောင်းချကြသည်ကိုတွေ့ရှိရပါသည်။ ငရုတ်သီးကို ရေနွေးဖြင့်ထည့်ပြုတ်၍ အရသာမှုန့်၊ ကော်မှုန့်၊ ရေအနည်းငယ်အားရောစပ်ကာ နှမ်းဖြင့်ကပ်၍ ကြော်ထားသော ငရုတ်သီးနှမ်းကပ်ကြော်ကို မုန့်အရောင်းဆိုင်များတွင် ရောင်းချသည်ကို တွေ့ရပါသည်။

          ငရုတ်သီးအခြောက်ကို ထမင်းဖြင့်စားသုံးနိုင်သော ဘာလချောင်ကြော်၊ အာလူးကြော်နှင့် စာကလေးကြော်တို့တွင် အစပ်အရသာအတွက်  ထည့်သွင်းတွဲဖက်၍အသုံးပြုကြပါသည်။ ငရုတ်သီးအမှုန့်ကို ခေါက်ဆွဲ၊ မုန့်ဟင်းခါးနှင့် အခြားသော စားဖွယ်အမျိုးမျိုးတွင် အစပ်အရသာရရှိစေရန် အမျိုးမျိုးပြုပြင်၍ ထည့်သွင်းအသုံးပြုကာ စားသုံးကြပါသည်။ မြိတ်ဒေသရှိ ကုန်ခြောက်ဒိုင်ကြီးများနှင့် ကုန်စုံဆိုင်များ၊ စျေးများတွင် ငရုတ်သီးအရှည်အခြောက် တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)