Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
13 Jun 2024

     တောင်ထန်းဖက်များကို အိမ်အမိုးမိုးရန်နှင့် လယ်တဲများအမိုးပြုလုပ်ရန်တို့အတွက် အသုံးပြုကြသည်။ တောင်ထန်းများမှာ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင်ထွက်ရှိသည်။ ယခုမိုးရာသီရောက်ရှိလာပြီဖြစ်၍ အိမ်အမိုးများအသစ်လဲလှယ်ကြရန် တောင်ထန်းဖက်များကို ဝယ်ယူမှုများနေသဖြင့် ဈေးကောင်းရလျက်ရှိသည်။ ဈေးနှုန်းမှာ အကတ်၁၀၀လျှင် ၂၅၀၀၀ကျပ်အထိဈေးနှုန်းရရှိကြောင်းသိရှိရသည်။ ဘီးလင်းမြို့နယ်ရှိ အလူးလေး၊ အလူးကြီး၊ ပိုင်ဒဝယ်ကျေးရွာများတွင် တောင်ထန်းအများအပြားထွက်ရှိပြီး ထွက်ရှိလာသောတောင်ထန်းများကို ဒေသအတွင်းအ

13 Jun 2024

    ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသမှ ဒညင်းသီးများ စတင်ထွက်‌ပေါ်လျက်ရှိကြောင်းနှင့် ဘားအံမြို့နယ်အတွင်းရှိ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဒညင်းသီးလက်လီဈေးနှုန်းမှာ (၁)လုံးလျှင် (၁၀၀/-)ကျပ်ဖြစ်ပြီး  (၁၁)လုံးလျှင် (၁,၀၀၀/-) ကျပ်နှုန်းဖြင့် ရောင်းချပြီး အများဈေးဖြင့် လက်ကားဖောက်သည်ယူပါက အလုံး (၁၀၀၀)ယူလျှင် ငွေကျပ် (၈,၀၀၀/-) နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း တွေ့ရသည်။

13 Jun 2024

     ကရင်ပြည်နယ်၊ ဘားအံမြို့ ရေပေါ်ဈေးတွင် ရောင်းချလျက်ရှိသော ကြက်ဥ / ဘဲဥ ဈေးနှုန်းများမှာ ဘဲဥကြီးထိပ်စတစ်လုံး- ၄၂၀/- ကျပ်၊ အလတ်စတစ်လုံး -၄၀၀/-ကျပ်ဖြစ်ကြောင်းနှင့် ကြက်ဥထိပ်စ  တစ်လုံးလျှင်- ၃၅၀/-ကျပ်၊ အလတ်စတစ်လုံး- ၃၃၀/-ကျပ် ဖြစ်ကြောင်းသိရသည်။

13 Jun 2024

     ကရင်ပြည်နယ်အတွင်း ၂၀၂၄ခုနှစ်၊ ဇွန်လ ပထမအပတ်အတွင်း ဘားအံမြို့ရေပေါ်ဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ ထိပ်စ (၁)ပိဿာလျှင် (၂၅၀၀)ကျပ်၊ အလတ်စ (၁)ပိဿာလျှင် (၂၄၀၀)ကျပ်၊ အငယ်စ (၁)ပိဿာလျှင် (၂၃၀၀)ကျပ်၊ ဥသေး (၁)ပိဿာလျှင် (၁၉၀၀)ကျပ်ဖြင့်လက်လီအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် အိတ်ဆွဲအနေဖြင့် (၁၀)ပိဿာလျှင် (၁၀၀)ကျပ်ခန့် ဈေးလျော့နည်း‌ကြောင်း သိရသည်။

13 Jun 2024

   မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် ပြည်နယ်ဆီကုန်သည်များအသင်းသည် ပြည်သူများထံ သက်သာ‌သောဈေးနှုန်းဖြင့် စားအုန်းဆီများကို ၁၁-၆-၂၀၂၄ ရက်နေ့တွင် ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၌ ရောင်းချပေးခဲ့ကြောင်းသိရှိရသည်။

Pages