Main menu

ကရင်ပြည်နယ်ဒေသထွက် ဒညင်းသီး ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

    ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသမှ ဒညင်းသီးများ စတင်ထွက်‌ပေါ်လျက်ရှိကြောင်းနှင့် ဘားအံမြို့နယ်အတွင်းရှိ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဒညင်းသီးလက်လီဈေးနှုန်းမှာ (၁)လုံးလျှင် (၁၀၀/-)ကျပ်ဖြစ်ပြီး  (၁၁)လုံးလျှင် (၁,၀၀၀/-) ကျပ်နှုန်းဖြင့် ရောင်းချပြီး အများဈေးဖြင့် လက်ကားဖောက်သည်ယူပါက အလုံး (၁၀၀၀)ယူလျှင် ငွေကျပ် (၈,၀၀၀/-) နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း တွေ့ရသည်။

     ကရင်ပြည်နယ်တွင် ဒညင်းသီးများအား မြိုင်ကြီးငူ၊ လှိုင်းဘွဲ့၊ ရွှေဂွန်း စသည့်ဒေသများမှ အများဆုံးထွက်ရှိကြောင်းနှင့် မြိုင်ကြီးငူဒေသထွက် ဒညင်းသီးမှာစားကောင်း၍ လူကြိုက်များကြောင်း သိရသည်။

DOCA(ကရင်)