![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/21_11.jpg?itok=xrK3xiET)
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိဈေးများတွင် ခရမ်းချဉ်သီးကို ဒေသထွက် ခရမ်းချဉ်သီးများအပြင် ရှမ်းပြည်နယ်၊ အောင်ပန်းနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့များမှ အဓိကမှာယူရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
၂၀၂၄ခုနှစ်၊ မေလ(ပထမပတ်)တွင် ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ် (၃၅၀၀)၊ မေလ(တတိယပတ်)တွင် ကျပ်(၄၀၀၀)၊ ဇွန်လ(ပထမပတ်)တွင် ကျပ်(၄၈၀၀)အထိဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း၊ ဒေသတွင်းရှိ ခရမ်းချဉ်သီးများမှာ ရာသီကုန်ဆုံးသောကာလဖြစ်၍ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ မှာယူတင်သွင်းရသဖြင့် သယ်ယူစရိတ်မြင့်မားခြင်းကြောင့် ဈေးနှုန်းများမြင့်တက်ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။
DOCA(မကွေး)