Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
13 Jun 2024

      မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေပြု၍ ဒေသစီးပွားဖြစ်လုပ်ကိုင်နေထိုင်ကြသည်။ စိုက်ပျိုးရေးဒေသအနေဖြင့် ကြက်သွန်နီ၊ ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် ကုန်စိမ်းသီးနှံများကို နှစ်စဉ်မပြတ် စီးပွားဖြစ်စိုက်ပျိုး လျက်ရှိသည်။ စားသုံးသူများအနေဖြင့် အဓိကစားသုံးမှုများလျက်ရှိသော ဆီထွက်သီးနှံ မြေပဲကို တစ်နှစ်လျှင် မိုး၊ ဆောင်း နှစ်ရာသီစိုက်ပျိုးလျက်ရှိပြီး မိုးသီးနှံ မြေပဲကို လုံးဆန်ကြီးအနီ(၆)လပဲ ပင်ပြန့်မြေပဲမျိုးနှင

13 Jun 2024

     သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဇွန်လ၊ ပထမအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ အတက်ဘက်သို့ ဦးတည်လျက်ရှိခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၃၅၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၆၇၀) အိတ်ခန့်၊ စုစုပေါင်း(၅၁၇၀)  အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၄၉) တန်ခန့်စီးထွက်ခဲ့ပါသည်။ ယခုဇွန်လ၊ ဒုတိယအပတ်တွင် မော်လမြိုင်ခရိုင်သို့ (၃၅၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၉၀၀) အိတ်ခန့်၊ စုစုပေါင်း (၅၄၀၀)  အိတ်ခ

13 Jun 2024

     မွန်ပြည်နယ် မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို ၁၁-၆-၂၀၂၄ ရက်နေ့တွင် ကျေးရွာခြောက်ရွာ၌ ထုတ်ချေးပေးခဲ့သည်။

13 Jun 2024

     တောင်ထန်းဖက်များကို အိမ်အမိုးမိုးရန်နှင့် လယ်တဲများအမိုးပြုလုပ်ရန်တို့အတွက် အသုံးပြုကြသည်။ တောင်ထန်းများမှာ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင်ထွက်ရှိသည်။ ယခုမိုးရာသီရောက်ရှိလာပြီဖြစ်၍ အိမ်အမိုးများအသစ်လဲလှယ်ကြရန် တောင်ထန်းဖက်များကို ဝယ်ယူမှုများနေသဖြင့် ဈေးကောင်းရလျက်ရှိသည်။ ဈေးနှုန်းမှာ အကတ်၁၀၀လျှင် ၂၅၀၀၀ကျပ်အထိဈေးနှုန်းရရှိကြောင်းသိရှိရသည်။ ဘီးလင်းမြို့နယ်ရှိ အလူးလေး၊ အလူးကြီး၊ ပိုင်ဒဝယ်ကျေးရွာများတွင် တောင်ထန်းအများအပြားထွက်ရှိပြီး ထွက်ရှိလာသောတောင်ထန်းများကို ဒေသအတွင်းအ

13 Jun 2024

    ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသမှ ဒညင်းသီးများ စတင်ထွက်‌ပေါ်လျက်ရှိကြောင်းနှင့် ဘားအံမြို့နယ်အတွင်းရှိ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဒညင်းသီးလက်လီဈေးနှုန်းမှာ (၁)လုံးလျှင် (၁၀၀/-)ကျပ်ဖြစ်ပြီး  (၁၁)လုံးလျှင် (၁,၀၀၀/-) ကျပ်နှုန်းဖြင့် ရောင်းချပြီး အများဈေးဖြင့် လက်ကားဖောက်သည်ယူပါက အလုံး (၁၀၀၀)ယူလျှင် ငွေကျပ် (၈,၀၀၀/-) နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း တွေ့ရသည်။

Pages