Main menu

သထုံခရိုင်၏ ဆန်စပါးဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှုအခြေအနေ

Powered by Drupal

     သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဇွန်လ၊ ပထမအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ အတက်ဘက်သို့ ဦးတည်လျက်ရှိခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၃၅၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၆၇၀) အိတ်ခန့်၊ စုစုပေါင်း(၅၁၇၀)  အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၄၉) တန်ခန့်စီးထွက်ခဲ့ပါသည်။ ယခုဇွန်လ၊ ဒုတိယအပတ်တွင် မော်လမြိုင်ခရိုင်သို့ (၃၅၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၉၀၀) အိတ်ခန့်၊ စုစုပေါင်း (၅၄၀၀)  အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၆၀) တန်ခန့်စီးထွက်ခဲ့ပြီး ယခင်ပထမအပတ်နှင့်နှိုင်းယှဉ်ပါက ပုံမှန်အတိုင်းစီးထွက်ခဲ့ပါသည်။

      သထုံခရိုင်အတွင်းသို့ ဇွန်လ၏ ပထမအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၄၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၅၀၀) အိတ်ခန့်၊ စုစုပေါင်း (၉၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၄၃) တန်ခန့်စီးဝင်ခဲ့ပြီး၊ ဇွန်လ၏ ဒုတိယအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၃၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၈၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၁၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၄၉) တန်ခန့်စီးဝင်ခဲ့ပြီး၊ သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက အနည်းငယ်ပို၍စီးဝင်ခဲ့ပါသည်။

  သထုံခရိုင်အတွင်း၌ ဇွန်လ၏ ဒုတိယအပတ်တွင် ဆန်ဈေးနှုန်းများမှာ စပါးတင်း (၁၀၀) လျှင် ဒေသပေါက်ဈေး ကျားပျံဟိုတယ် ကျပ်(၄၀၀၀၀၀၀)ခန့်၊ ပေါ်ဆန်းဝါ ကျပ်(၃၈၀၀၀၀၀) ခန့်၊ ကမာကြည် ကျပ်(၃၀၀၀၀၀၀)ခန့်၊ ဧည့်မထ ကျပ်(၂၃၀၀၀၀၀)ခန့်နှင့် (၂၄) ပြည်ဝင် ဆန် တစ်အိတ်လျှင် ကျားပျံဟိုတယ် ကျပ်(၁၅၈၀၀၀)ခန့်၊ ပေါ်ဆန်းဝါ ကျပ် (၁၅၀၀၀၀) ခန့်၊ ကမာကြည် ကျပ်(၁၂၅၀၀၀)ခန့်၊ ဧည့်မထ ကျပ်(၈၅၀၀၀)ခန့်ရှိပြီး ယခုအပတ်၏ စပါး၊ ဆန်ဈေးနှုန်းများမှာ ယခင်အပတ်တိုင်း တည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)