Main menu

အင်္ဂပူမြို့နယ်၌ နွေစပါး စံကွက်ရိတ်သိမ်းရာ (၁)ဧကလျှင် တင်း(၁၆၀)ခန့်ထွက်ရှိ

Powered by Drupal

     ၂၀၂၄ခုနှစ်၊ ဇွန်လ ၅ရက်နေ့တွင်  အင်္ဂပူမြို့နယ်၊ တလိုင်းကွင်းကျေးရွာရှိ တောင်သူ ဦးမြင့်နိုင်၏ နယူးဧရာ(၁) စပါးမျိုးစိုက်ပျိုးထားသော လယ်(၁၂)ဧက၌ စံကွက်ရိတ်သိမ်းပွဲဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါပွဲကို အင်္ဂပူမြို့နယ်စိုက်တိုးမြှင့်အဖွဲ့များနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံ ဦးဘိုဘိုလည်းတက်ရောက်ခဲ့ပါသည်။ လယ်ပိုင်ရှင် ဦးမြင့်နိုင်မှာ ၎င်းအနေဖြင့် နယူးဧရာ (၁)စပါးမျိုးကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် စတင်စိုက်ပျိုးကာ အဆိုပါစပါးမှာ စိုက်ရက်(၁၂၅)ရက်ရှိ သက်လတ်စပါးမျိုးဖြစ်ပြီး ယခုဇွန်လဆန်းတွင် ရိတ်သိမ်းပြီးဖြစ်ပါသည်။ (၁၂) ဧကကို ပျမ်းမျှအားဖြင့်  (၁၉၂၀) တင်းထွက်ရှိပြီး တစ်ဧကလျှင် ပျှမ်းမျှအားဖြင့် အစိုတင်း(၁၆၀)ခန့်ထွက်ရှိပါသည်။ လက်ရှိစပါးကွင်းပေါက်ဈေးမှာ အစိုပေါင်(၅၀) တင်း(၁၀၀)လျှင် ၁၅၀၀၀၀၀ကျပ်ခန့်ရှိသည့်အတွက် တစ်ဧကလျှင် တင်း၁၆၀ဖြင့်တွက်ပါက  (၂၄)သိန်းကျပ်ခန့်ရရှိနိုင်ပါသည်။ နွေစပါးတစ်ဧကလျှင် ပျမ်းမျှ ကုန်ကျစရိတ်မှာ ၇သိန်းကျပ်ခန့်ရှိသည့်အတွက် တစ်ဧကအကျိုးအမြတ် ၁၇သိန်းကျပ်ခန့်ရရှိကြောင်း တောင်သူ ဦးမြင့်နိုင်၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(ဧရာဝတီ)