ကုန်သွယ်မှုသတင်းများ
၁၉.၆.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
၁၉.၆.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၄ခုနှစ် မေလတတိယပတ် ဆန်လက်ကား ဈေးကွက်ရောင်းဝယ်မှု နည်းပါးခဲ့သော်လည်း မေလ၏စတုတ္တပတ်မှစ၍ ရန်ကုန်ဆန်ဈေးအနည်းငယ်မြင့်တက်မှုကြောင့် ဒေသတွင်းထုတ်လုပ်မှုဆန် ဈေးကွက်တွင် ရောင်းဝယ်ရေး မြင့်တက်ခဲ့သည့် အနေအထားကို တွေ့ရှိရပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် Kaung Hlyan New Asia Co,Ltd မှ ဖြန်ဖြူးရရှိသော စားအုန်းဆီများကို (၁၃-၆-၂၀၂၄)ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်မှစ၍ ထားဝယ်မြို့၏ လက်လီဆိုင် (၁၄)ဆိုင်တို့သည် သတ်မှတ်ရည်ညွှန်းစျေးဖြင့် လူတစ်ဦးလျှင် ဆီ(၅၀)ကျပ်သားနှုန်းရောင်းချပေးလျက်ရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုဒေသ ဖြစ်သော်လည်း ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ မြောင်းမြမြို့များမှ ရေလမ်းကြောင်းမှ အများ ဆုံးဝင်ရောက်ပြီး ရွှေဘိုခရိုင်၊ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နှင့် စလင်းမြို့များမှလည်း နေ့စဉ် ဝင်ရောက်လျက်ရှိသောကြောင့် ဆန်ဖူလုံမှုရှိသောမြို့ဖြစ်ပါသည်။
