Main menu

ပခုက္ကူမြို့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်ဈေးနှုန်းများနှင့် စီးဝင်မှုအခြေအနေ

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုဒေသ ဖြစ်သော်လည်း  ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ မြောင်းမြမြို့များမှ ရေလမ်းကြောင်းမှ အများ ဆုံးဝင်ရောက်ပြီး  ရွှေဘိုခရိုင်၊ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နှင့် စလင်းမြို့များမှလည်း နေ့စဉ် ဝင်ရောက်လျက်ရှိသောကြောင့် ဆန်ဖူလုံမှုရှိသောမြို့ဖြစ်ပါသည်။

          ပခုက္ကူဒေသ၌ ယခု ဇွန်လ(ဒုတိယပတ်)တွင် ဖြစ်ပေါ်နေသောဈေးနှုန်းများမှာ  အများသုံး ဆန်ဖြစ်သည့်  မြောင်းမြဧရာပဒေသာ တစ်အိတ်လျှင် ကျပ်(၁၃၅၀၀၀)၊ ပွင့်ဖြူ မြို့နယ်၊ ရှောက်တောမှလာသော ဧရာပဒေသာဆန်(အသစ်)တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀)၊ ဧည့်မထဆန်မျိုးဖြစ်သော ချန်ဧရာတစ်အိတ်လျှင် ကျပ်(၁၁၀၀၀၀)၊ မနောဖြူ(အသစ်) တစ်အိတ် လျှင် ကျပ်(၁၁၀၀၀၀)၊ နေလဆန် တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ဝန်ကြီးပဒေသာဆန် တစ်အိတ် လျှင် ကျပ်(၁၆၀၀၀၀)၊ ဧရာမင်းဆန်(ရှယ်)တစ်အိတ်လျှင် ကျပ်(၁၁၃၀၀၀)၊ မနောသုခ (အသစ်) တစ်အိတ်လျှင် ကျပ်(၁၁၀၀၀၀)၊ ချန်သုခ(အသစ်) တစ်အိတ်လျှင် ကျပ်(၈၉၀၀၀)၊ နေလ ဧရာပဒေ သာဆန်(ရှယ်)တစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ နေလ/၂၂ တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ မိုးဇလပ် (နွေဆန်အသစ်)တစ်အိတ်လျှင် ကျပ်(၇၅၀၀၀)၊ နွေဇလပ်(အသစ်) တစ်အိတ်လျှင် ကျပ်(၇၂၀၀၀)၊ ဇီယာဆန်(အသစ်) တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ပွင့်ဖြူသစ် (မနောဖြူ အသစ်)တစ်အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ အောင်သုခ(အသစ်) ကျပ်(၉၅၀၀၀)ဈေးဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက် ရှိပြီး ကောက်ညှင်းဆန်(အသစ်)မှာတစ်အိတ်လျှင် ကျပ်(၉၀၀၀၀)ဖြင့်အသီးသီး အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ပေါ်ဆန်းမွှေးမှာ ဒုတိယအများဆုံး စားသုံးသောဆန်ဖြစ်ပြီး မြောင်းမြဒေသမှ ဝင်ရောက်သလို ရွှေဘိုဒေသမှလည်း အများဆုံးဝင်ရောက်ပါသည်။ ယခု ဇွန်လ(ဒုတိယပတ်)တွင် ရွှေဘိုပေါ်ဆန်းမွှေးမှာ (ရှယ်)တစ်အိတ်လျှင် ကျပ်(၁၆၅၀၀၀-၁၇၀၀၀၀)၊ ရွှေထိုက်(ပေါ်ဆန်း အသစ်)တစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ တိုးတိုးနွယ် တစ်အိတ်လျှင် ကျပ်(၁၆၅၀၀၀-၁၇၀၀၀၀)၊ မြောင်းမြပေါ်ဆန်းမှာ တစ်အိတ်လျှင်ကျပ်(၁၅၅၀၀၀)နှင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဆန် ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။ ဧရာဝတီတိုင်းဘက်မှလာသော ဆန်များမှာ အရည် အသွေးအနည်းငယ်နိမ့်သော်လည်း ပြည်သူများစားသုံးနိုင်သော ဈေးနှုန်းရှိသောကြောင့် အရောင်း အဝယ်ပိုဖြစ်ကြောင်း သိရှိရပါသည်။

          ပခုက္ကူမြို့သို့ ဇွန်(၁)ရက်မှ (၁၃)ရက်အတွင်း ဧရာဝတီတိုင်း မြောင်းမြမြို့၊ ပုသိမ်မြို့များမှ ဆန်အမျိုး အစားစုံ အိတ်ပေါင်း(၁၂၀၀၀)ခန့်၊ စလင်းမြို့များမှ ဧရာပဒေသာ(ရှယ်) အိတ်ပေါင်း (၅၀၀၀)ခန့်၊ ပွင့်ဖြူမြို့ ရှောက်တောမှ အိတ်ပေါင်း(၃၀၀၀)ခန့် စီးဝင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)