Main menu

မိတ္ထီလာမှ ဇွန်လ ဒုတိယပတ်အတွင်း တာချီလိတ်သို့ ကြက်သွန်နီတင်ပို့မှုများ

Powered by Drupal

     မိတ္ထီလာဈေးကွက်တွင် ဇွန်လ ဒုတိယပတ်အတွင်း ကြက်သွန်နီကို တာချီလိတ်သို့ ပိုမိုတင်ပို့နိုင်ကြောင်းသိရသည်။ ပုံမှန်အားဖြင့် ရန်ကုန်သို့ တစ်ပတ်လျှင် (၁၂) ဘီးကာ (၄/၅)စီးကို အခြားကုန်များနှင့်ရော၍ တင်ပို့နိုင်သော်လည်း ယခုအပတ်၌ (၂) စီးသာတင်ပို့ခဲ့ပါသည်။ ပဲခူးသို့ အခြားကုန်များရော၍ (၆) ဘီးကားတစ်ရက်လျှင် နှစ်စီးခန့်တင်ပို့နေပြီး၊ ယခင်အပတ်တွင် မော်လမြိုင်သို့ (၆) ဘီးကား (၆) စီးခန့်တင်ပို့နိုင်ခဲ့သော်လည်း၊ ယခုအပတ်တွင်မူ မိုးများသည့်အတွက် နှစ်စီးခန့်သာတင်ပို့နိုင်ပါသည်။ တာချီလိတ်သို့ အခြားကုန်များနှင့်ရောပြီး (၁၂) ဘီးကားဖြင့် တစ်ပတ်လျှင် (၃/၄) စီးတင်ပို့နေခဲ့ရာမှ ယခုအပတ်၌ တွဲကားဖြင့်တင်ပို့ကြောင်းသိရသည်။ တာချီလိတ်သို့ ဒေသသုံးရန်အပြင် တရုတ်၊ ထိုင်း၊ လာအိုနိုင်ငံများသို့လည်း တင်ပို့ကြောင်းသိရသည်။ ကုန်တင်ခမှာ တစ်ပိဿာလျှင် တင်ပို့ခများမှာ ရန်ကုန်သို့ (၁၃၀) ကျပ်နှင့် ပဲခူးသို့ (၁၁၅) ကျပ်၊ မော်လမြိုင်သို့ (၁၈၀) ကျပ်နှင့် တာချီလိတ်သို့ (၃၅၀-၄၀၀) ကျပ်ရှိကြောင်း၊ ကြက်သွန်နီ လက်ကားဈေးမှာ တစ်ပိဿာလျှင် (၁၈၀၀-၂၀၀၀) ကျပ်ရှိကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(မန္တလေး)