Main menu

“နွေနှမ်းများစတင်ရိတ်သိမ်းမှုနှင့် စျေးနှုန်းအခြေအနေ”

Powered by Drupal

      နွေနှမ်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် (၃၂၂၄၆)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၂၂၉၆၀)ဧက၊ မြစ်သားမြို့နယ်တွင် (၃၄၄၂၉)ဧက၊ စုစုပေါင်း (၈၉၆၃၅)ဧကစိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ နွေနှမ်းကို မတ်လတွင် စတင်စိုက်ပျိုးပြီး ယခုဇွန်လဆန်းမှစတင်၍ နွေနှမ်းများစတင်၍ ရိတ်သိမ်းလျက်ရှိကြောင်း နွေနှမ်းစိုက်ပျိုးမှု (၁)ဧကစိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၃၅၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ နှမ်းအထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၁၀)တင်းခန့်ထွက်ရှိကြောင်း၊ နှမ်းစျေးနှုန်းအနေဖြင့် ယခင်နှစ်နှမ်းဖြူတစ်တင်းလျှင် (၁၁၇၀၀၀/-)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၉၅၀၀၀/-)ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၈၈၀၀၀/-)ကျပ်၊ နှမ်းနက်စမုံတစ်တင်းလျှင် (၉၀၀၀၀/-)ကျပ်ဖြင့်ရောင်းဝယ်ခဲ့ပြီး ယခုနှစ် လက်ရှိပေါက်စျေးအနေဖြင့် နှမ်းဖြူတစ်တင်းလျှင် (၁၄၂၀၀၀/-)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၁၀၀၀၀၀/-)ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၇၅၀၀၀/-)ကျပ်၊ နှမ်းနက်စမုံတစ်တင်းလျှင် (၁၀၀၇၀၀/-)ကျပ်ဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့ပေါ်ပွဲရုံများမှသိရှိရပါသည်။ နွေနှမ်းများထွက်ပေါ်ချိန်တွင် စျေးနှုန်းများကောင်းမွန်သောကြောင့် တောင်သူများအကျိုးအမြတ်ဖြစ်ထွန်းကြောင်း နွေနှမ်းစိုက်ပျိုးသူ တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)