Main menu

ဈေးကွက်အတွင်း ခရမ်းချဉ်သီးဈေးကောင်းရ

Powered by Drupal

     မိတ္ထီလာမြို့နယ်ရှိ ကျောက်ဖူး၊ တောမ၊ ကံတောင်ကျေးရွာများတွင် မိသားစုအပိုဝင်ငွေ ရရှိအောင် ဟင်းသီဟင်းရွက်များ စိုက်ပျိုးရောင်းချကြပါသည်။ ယခုအခါ ဈေးကွက်အတွင်း ခရမ်းချဉ် သီး ဈေးကောင်းရ၍ ပိုမိုစိုက်ပျိုးလာကြပါသည်။ ခရမ်းချဉ်သီး (ပြည်ပ) မျိုးများကို တစ်နှစ်သုံးကြိမ် စိုက်ပျိုးကြပါသည်။ မိုးရာသီ ဇွန်လတွင် စိုက်ပျိုးကြပြီး၊ သြဂုတ်လနှင့်နိုဝင်ဘာလများတွင်လည်း စိုက် ပျိုးကြကြောင်း၊ ခရမ်းချဉ်သီးစိုက်ပျိုးရာ ဧကလိုက်စိုက်ပျိုးခြင်း နည်းပြီး၊ တစ်ပိုင်တစ်နိုင်ပျိုးထုတ်အလိုက် စိုက်ပျိုးကြကြောင်း၊ ခရမ်းချဉ်သီးမျိုးများမှ ယိုးဒယားမျိုး (၁၁၁) တံဆိပ်နှင့် (၁၀၀) တံဆိပ် နှစ်မျိုးကို အများဆုံးစိုက်ပျိုးကြကြောင်း၊ (၁၁၁) တံဆိပ်မျိုးစေ့ (5 kg) တစ်ထုပ်လျှင် (၂၃၀၀၀) ကျပ်နှင့် ချီရာထိုင်းကုမ္ပဏီမှ (၁၀၀) တံဆိပ်မျိုးစေ့ (5 kg) တစ်ထုပ်လျှင် (၁၉၀၀၀) ကျပ်ဈေးရှိကြောင်းသိရ ပါသည်။ ခရမ်းချဉ်သီး (၁၁၁) တံဆိပ်မျိုးစေ့ တစ်ထုပ်စိုက်ပျိုးရာတွင် မျိုးစေ့ (5 kg) တစ်ထုပ် (၂၃၀၀၀) ကျပ်ရှိပြီး၊ မျိုးအိတ်တစ်ပေါင်ခွဲ (၄၈၀၀) ကျပ်ရှိကြောင်း၊ ခရမ်းချဉ်သီးမျိုးစေ့များကို သောင်ပေါ်တွင် အတန်းလိုက်(သို့)ကြဲပတ်ပျိုးထောင်ပြီး ပျိုးပင်(၂၀) ရက်သားခန့်တွင် ပြောင်းရွေ့စိုက်ပျိုးကြ ကြောင်း၊ ပြောင်းရွေ့စိုက်ပျိုးရန်ထွန်ယက်၍ မြေပြုပြင်ခြင်း၊ တန်းဆွဲခြင်း၊ ဘောင်တင်စိုက်ပျိုးခြင်းအတွက် (၅၀၀၀၀) ကျပ်၊ သွင်းအားစုမြေဩဇာကို သုံးကြိမ်ကျွေးရပြီး၊ သွင်းအားစုအတွက် ကျပ် (၁၀၀၀၀၀)ခန့်ရှိကြောင်း၊ ပိုးသတ်ဆေး၊ မှိုရောဂါကာကွယ်ဆေး၊ အပင်၊ အသီး၊ အပွင့်အားဆေးများ အသုံးပြုခြင်းအတွက် (၁၅၀၀၀၀) ကျပ်၊ လုပ်အားခအနေဖြင့် (၁၀၀၀၀၀) ကျပ်ခန့်ကုန်ကျပြီး စုစုပေါင်း မျိုစေ့ထုတ်တစ်ထုတ်စိုက်ပျိုးလျှင် (၄၂၇၈၀၀) ကျပ် ကုန်ကျစရိတ်ရှိပါသည်။မျိုးစေ့တစ်ထုပ်လျှင် အပင်ဖြစ်ထွန်းမှု (၁၂၀၀) ပင်ရှိပြီး၊ တစ်ပင်လျှင် (၂) ပိဿာနှုန်းခန့်ထွက်ရှိကြောင်း၊ မျိုးစေ့တစ်ထုပ် စိုက်လျှင် ခရမ်းချဉ်သီး (၂၄၀၀) ပိဿာထွက်ရှိပါသည်။ ဈေးကွက်အနေဖြင့် မိတ္ထီလာမြို့ရှိ ခရမ်းချဉ်သီး ပွဲရုံများသို့ တင်ပို့ရောင်းချကြပြီး၊ လက်ရှိခရမ်းချဉ်သီး တစ်ပိဿာလျှင် ပွဲရုံသွင်းဈေး တစ်ပိဿာလျှင် (၃၀၀၀) ကျပ်ခန့်ရှိပြီး၊ လက်လီဈေးကွက်တွင် (၃၅၀၀-၄၀၀၀) ကျပ်ဈေးခန့်ရှိသဖြင့် တောင်သူများ အကျိုးအမြတ်ရရှိကြောင်း ခရမ်းချဉ်စိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)