ကုန်သွယ်မှုသတင်းများ
တောင်ငူမြို့တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှထွက်ရှိသော ဒူးရင်းသီးများဖြင့် အရောင်းအဝယ်ကောင်းလျက်ရှိပါသည်။ ဒူးရင်းသီးသည် အနံ့မွှေး၍ အရသာဆိမ့်သဖြင့် လူကြိုက် များသောအသီးဖြစ်ပါသည်။ နှစ်စဉ် ဧပြီ၊ မေလများတွင် စတင်ပေါ်ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်သည် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) ဇုန်ဧရိယာများတွင် ကျေးရွာအုပ်စုအလိုက် ဆောင်ရွက်နေပါသည်။ မိုးမြေပဲစိုက်ပျိုးရန် ကျေးရွာအုပ်စုပေါင်း ၂၀မှ တောင်သူလယ်သမား ၆၀၁ဦးက စိုက်ဧက ၂၁၂၉ဧက၊ မိုးနှမ်းစိုက်ပျိုးရန် ကျေးရွာအုပ်စုပေါင်း ၂၃အုပ်စုမှ တောင်သူလယ်သမား ၅၈၂ဦးက စိုက်ဧက ၂၇၉၈ဧက လျာထားပါသည်။

၁၀.၆.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၁၀.၆.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
၁၀.၆.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည