Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
10 Jun 2024

         ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် လျှော်ကုန်းကျေးရွာအုပ်စုနေ တောင်သူ ဦးအောင်ကျော်မင်း၏ လယ်မြေတွင် မိုးစပါးမစိုက်ပျိုးမီ မြေဩဇာပင်ဖြစ်သော ပိုက်ဆံလျှော်ကို စိုက်ပျိုးပါသည်၊၊

          ပိုက်ဆံလျှော်စိုက်ပျိုးနည်းမှာ အရိုင်းမြေကို ထွန်ယက်၍ မျိုးစေ့ကို ကြဲထားရကြောင်း၊ မိုးစပါးများကို မစိုက်ပျိုးမီ(၁)ရက်ခန့်အလိုတွင် တစ်လသားအရွယ်ရောက်သောအခါ ပိုက်ဆံလျှော် အပင်များကို လှဲပစ်၍ အပုပ်ခံထားခြင်းဖြင့် မြေဩဇာကောင်းကိုရရှိစေပါသည်၊၊

10 Jun 2024

     ၂၀၂၄ ခုနှစ်ပထမလေးလတွင် ထုတ်လုပ်မှုလျှော့ကျခဲ့သော်လည်း ထိုင်းနိုင်ငံမော်တော် ဆိုင်ကယ်ထုတ်လုပ်မှုပမာဏသည် ယခုနှစ်အတွက်ရည်မှန်းချက်ဖြစ်သည့်အစီးရေ (၂.၁၂)သန်း ကို ရောက်ရှိရန်မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံစက်မှုလုပ်ငန်းအဖွဲ့ချုပ်(FTI) ပြောကြားခဲ့ပါသည်။ နိုင်ငံတွင် အိမ်ထောင်စုအကြွေးနှုန်းမြင့်တက်လာမှုကြောင့် ဘဏ်များမှာငွေချေးရာတွင် ပိုမိုစိစစ်လာမှုကြောင့် ကားထုတ်လုပ်သူများကဲ့သို့ မော်တော်ဆိုင်ကယ်ထုတ်လုပ်သူများမှာ စားသုံးသူများ၏ ဝယ်ယူနိုင်စွမ်းအားနည်းသည့်ပြသနာနှင့် ရင်ဆိုင်နေ

10 Jun 2024

     ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul သည် ပြည်တွင်းမှ ဆန်တင်ပို့သူများကို အမေရိကန်ဈေးကွက်ရှာဖွေရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးသည် အမေရိကန်နိုင်ငံ Otis Mcallister ကုမ္ပဏီမှ  ကမ္ဘာလုံး ဆန်နှင့်ကောက်ပဲ သီးနှံရင်းမြစ်ရှာဖွေရေး ဒုတိယဥက္ကဌ Patrick Murphy၊ ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများနှင့်အတူပြုလုပ်သည့် ကမ္ဘောဒီးယားမှဆန်များကို အမေရိကန်ဈေးကွက်သို့ ပိုမို ပို့ဆောင်နိုင်မည့် ဖြစ်နိုင်ချေများကို ဆွေးနွေးသည့်

10 Jun 2024

    ဒတ်ချ်နိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ရေးဆွဲထုတ်လုပ်သည့် NXPကုမ္ပဏီနှင့် ထိုင်ဝမ် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သော TSMC ကုမ္ပဏီ၏ကျောထောက်နောက်ခံပြု Vanguard International တို့သည်မော်တော်ယာဥ်၊ စက်မှုလုပ်ငန်း၊ လူသုံးကုန်နှင့်မိုဘိုင်းကုန် စျေးကွက်များ ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၇.၈ဘီလီယံတန်ဖိုးရှိသော တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုစက်ရုံကို စင်ကာပူနိုင်ငံတွင် တည်ဆောက်ရန် ဖက်စပ်ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း ကုမ္ပဏီများက ဇွန်လ ၅ ရက်နေ့ (ဗုဒ

10 Jun 2024

       ဗီယက်နမ်နိုင်ငံသည် ဇန်နဝါရီလမှ မေလအတွင်း အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုး ပမာဏရှိသည့် ရေထွက်ကုန်များကို ပြည်ပသို့တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၆.၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဗီယက်နမ်နိုင်ငံ ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) အဆိုအရ သိရပါသည်။ အဆိုပါကာလအတွင်း တူနာငါးတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃၉၇ သန်း ပမာဏရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် လွန်ခဲ့သည့်နှစ် တူညီသည့် ကာလထက် ၂၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တူနာဈေးကွက်ကျွ

Pages